ကြွေမလိုနဲ့ဝေ ဝေမလိုနဲ့ကြွေ - မိုးမိုးအင်းလျား
" ချစ်တာကို ဘာ့ကြောင့် ချစ်တယ်လို့
ပြောလို့မရသလိုဘဲ မချစ်တာကိုလဲ ဘာကြောင့်
မချစ်ဘူးလို့ ပြောလို့ရပါ့မလား မချစ်လို့
မချစ်တာပဲပေါ့ "
"လင်း" ဆိုတဲ့ ကလေးဆန်တဲ့ ကောင်မလေး
တက္ကသိုလ်မှာ ဘောလီဘောပုတ် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေပြီး အချစ်ကို စိတ်မဝင်စားတဲ့
အချစ်ကို နားမလည်တဲ့ ပတ္တမြားတွေထွက်ရာ
ဇာတိ မိုးကုတ်မြို့သူလေး ။
အချစ်ကို အရေးမထားသလို စိတ်မဝင်စားတဲ့ အကြောင်းက မိဘတွေ သဘောတူထားတဲ့သူကို
ကျောင်းပြီးရင် ယူရမှာမို့တဲ့လေ ။
" လင်းက ကိုကိုကြီးကိုပဲ ယူရမှာပါ " တဲ့ ။
ကိုကိုကြီး ဆိုတာက လင်းထက် ဆယ်နှစ်လောက်ကြီးပြီး ငယ်ငယ်ကတည်းက ဘေးနားက အစ်ကိုတစ်ယောက်လို ကြည့်နေပြီး ဂရုစိုက်ခဲ့တဲ့သူ ။
လူကြီးဆန်ပြီး တည်ငြိမ်တဲ့သူတစ်ယောက်ပေါ့ ။
မိဘချင်း သဘောတူကြပေမဲ့ ကိုကိုကြီးကရော
လင်း ကို ချစ်သလား ။ လင်းကရော ကိုကိုကြီးကို
ချစ်လေသလား ။
ကိုကိုကြီး နဲ့ အဖေတူ မအေကွဲညီတစ်ယောက်က
ကိုဇော် တဲ့ ၊ သွက်လက်ပြီး လူငယ်စရိုက်အပြည့်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ကိုဇော်မိန်းကလေးတွေကြား ရေပန်းစားလောက်အောင် စွံတဲ့ ကိုဇော် ။
လင်း နဲ့ ရွယ်တူဖြစ်ပြီး လိုက်ဖက်လွန်းလို့ ဝါတော်ရှစ်ဆယ်ရ ဘုန်းကြီးလို နေတဲ့ ကိုကိုကြီးကို မယူဘဲ ကိုဇော့်ကို ယူပါလားလို့ သူငယ်ချင်းတွေက ပြောတဲ့အထိ လင်း နဲ့ ကိုဇော်က သိပ်လိုက်ပါတယ် ။
ကိုကိုကြီး ၊ ကိုဇော် နဲ့ လင်း ။
ကိုဇော် နဲ့ အေးအေးအောင်ဆိုတဲ့ အမျိုးသမီး အတူတွဲသွားလာနေတာကို မြင်တဲ့ လင်းတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ မနာလိုစိတ်နဲ့ ကြည်နူးစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ် ။
လင်းတစ်ယောက် မိဘစကားနားထောင်ပြီး
ကိုကိုကြီးကိုပဲ လက်ထပ်ယူမှာလား ။
အချစ်အတွက် သတ္တိရှိစွာ နဲ့ ကိုဇော့်ကို ရွေးချယ်
မလား ။
ရေခဲတုံးလို အေးစက်တဲ့ ကိုကိုကြီး ရဲ့ နှလုံးသားကရော လင်းအတွက် နွေးထွေးမှုတွေ အချစ်တွေ
ရှိနေသလား ။
ဝေမလိုနဲ့ ကြွေကျသွားတဲ့ ပန်းကလေးတွေ
ကြွေမလိုနဲ့ ဝေသွားတဲ့ ပန်းကလေးတွေ
အမြင်နဲ့ ဆုံးဖြတ်မရနိုင်တဲ့ အရာတွေပေါ့ ။
လင်း ရဲ့ ရင်ထဲက ပန်းကလေးက ဘယ်သူ့အတွက် ဝေဆာဖူးပွင့်မှာလဲ ။
ဆရာမိုးမိုးအင်းလျား ရဲ့ ဒီအချစ်ဇာတ်လမ်းလေးမှာ ဖတ်ရှုကြည့်လိုက်ပါ ။
