ကြောင်တွေမရှိတဲ့ကမ္ဘာ - မျိုးဇော်ဝင်း
" အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့
တစ်ခုခုကိုစတေးရမယ်ဆိုရင်
သင်ဘာကိုရွေးချယ်မလဲ "
စာအုပ်နာမည်လေးနဲ့ စာအုပ်ကျောဖုံးမှာပါတဲ့ စာကြောင်းတွေက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် လူပြောများနေလို့ ဝယ်ပြီးဖတ်မယ်ဆိုပြီး
ဖတ်တာ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး
စဥ်းစားဆင်ခြင်တွေးတောစရာတွေရခဲ့ပါတယ်။
ကြောင်ကလေးတစ်ကောင်နဲ့ နေတဲ့ စာပို့သမားကောင်လေးတစ်ယောက်ရှိတယ်။တစ်ရက်တော့သူအအေးမိပြီးခေါင်းကိုက်လို့ဆေးဝယ်ပြီး စွဲသောက်ပေမဲ့ မသက်သာလို့ ဆေးခန်းသွားပြတဲ့အခါ
ဘရိန်းကျူမာ ဖြစ်နေပြီး အများဆုံး ခြောက်လပဲအသက်ရှင်ရတော့မယ်ဆိုတာသိသွားခဲ့တယ်။
ဆေးခန်းကနေ အိမ်အပြန် သူ့အိမ်ပေါက်မှာ လဲကျပြီး ပြန်နိုးလာတော့ သိပ်ဆန်းကြယ်တဲ့အရာတွေဖြစ်လာခဲ့တော့တယ်။
သူ့တိုက်ခန်းမှာ သူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်ရောက်နေပြီး ကမ္ဘာပေါ်က အရာတစ်ခုကိုပျောက်ကွယ်အောင်လုပ်ပေးတိုင်း အသက်တစ်ရက် ရှင်သန်ခွင့်ပေးမယ်လို့ ပြောတော့တယ်။
အဲ့ဒီလူက မာရ်နတ်ပါ။
ပျောက်ကွယ်ရမယ့်ပစ္စည်းကို မာရ်နတ်က
သူ့စိတ်ခံစားချက်အရရွေးချယ်မယ်ဆိုပြီး
ကောင်လေးနဲ့သဘောတူညီမှုလုပ်တော့တယ်။
အဲ့လိုနဲ့ မာရ်နတ်ပထမဆုံးပျောက်ကွယ်အောင်
လုပ်ခဲ့တဲ့အရာ ကတော့ "ဖုန်း" ပါ။အဲ့နောက်တော့ "ရုပ်ရှင်" ၊ "နာရီ" ၊"ကြောင်"...။
ကမ္ဘာပေါ်ကနေ ဖုန်းတွေပျောက်ကွယ်ခဲ့ရင် ကျွန်ုပ်တို့ ဘာဖြစ်ကြမလဲ။ ဖုန်းတွေမရှိပဲနဲ့ရောနေနိုင်ကြ
မလား။ လက်ကိုင်ဖုန်းတွေကမရှိ မဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ခဲ့ပေမယ့် သူမရှိရင်မနေနိုင်လောက်ဘူးဆိုတဲ့ အသိတရား ကို ခေါင်းထဲရိုက်သွင်းပေးထားပါတာတဲ့။
တကယ်ရောအဲ့လိုတွေဖြစ်နေပြီလား။ တစ်ခြားစိတ်ဝင်စားတာတစ်ခုခုလုပ်ဖို့ထက် ဖုန်းနဲ့ပဲအချိန်ကုန်နေကြပြီလား။ နေ့ခင်းထမင်းစားအားလပ်ချိန်၊ညအိပ်ယာဝင်အနားယူချိန်ထိ
လက်ထဲက ဖုန်းတွေကို ထုတ်ယူကြည့်ဖြစ်နေကြတာ။မာရ်နတ်လုပ်သလို ကမ္ဘာကြီးပေါ်မှာ ဖုန်းတွေ မရှိတော့ဘူးဆို ဘာဖြစ်ကြမလဲ.....။
အဲ့လိုပဲ နောက် ရုပ်ရှင်တွေ၊နာရီတွေ၊သိပ်ချစ်ရတဲ့အိမ်မွေးကြောင်ကလေးတွေ....။
တစ်ခုချင်းပျောက်ကွယ်အောင်လုပ်ရင်း
ကောင်လေးက ဘဝရှင်သန်မှုအဓိပ္ပါယ်ကို
သိလာခဲ့တယ်။ဘဝကဘယ်လောက်ပျော်စရာကောင်းမှန်းသိလာခဲ့တယ်။ကိုယ့်အတွက်ဘယ်သူကအရေးကြီးတယ်၊ဘယ်အရာကအစားထိုးမရဘူး
ဆိုတာသိလာပြီး နောက်ထပ် ကမ္ဘာပေါ်က
ဘယ်အရာမှ ပျောက်ကွယ်အောင်မလုပ်တော့
ပါဘူး။
အဲ့နောက်သူဟာ သေတမ်းစာအရှည်ကြီး
ရေးပြီးစာဖတ်သူတွေအတွက်ပေးထားခဲ့ပါတယ်။
"လူတွေကကိုယ့်ဘဝထဲကအရာတစ်ခုကို
စွန့်လွှတ်ရတော့မယ်ဆိုရင်တွေဝေလာတတ်ကြပါတယ်"တဲ့။
သင်ဟာ မကြာခင်သေရမဲ့ လူတစ်ယောက်လို့ တွေးကြည့်ပြီး သင့်ဘဝမှာ အရေးကြီးဆုံး အရာတွေကဘာတွေလဲ ၊ တကယ်စွန့်မလွှတ်သင့်တာ ဘာလဲ၊ ဖက်တွယ်မနေဘဲ စွန့်လွှတ်ကာသင့်အတွက် အရေးမကြီးတဲ့ အရာတွေက ဘာတွေလဲ စဥ်းစားကြည့်လို့ရပါတယ်။
နေခဲ့တဲ့သက်တမ်းတစ်လျှောက်ပျော်ရွှင်ခဲ့ကြသလား။ကျွန်ုပ်တို့အတွက်အရေးကြီးဆုံးအရာကဘာတွေလဲဆိုတာသိကြပြီလား။ ဖတ်လိုက်တွေး
ကြည့်လိုက်နဲ့ တကယ်စိတ်ဝင်စားပြီး နှစ်သက်ဖို့ကောင်းပါတယ်။
စဆုံးတစ်ထိုင်တည်းဖတ်ရှုလို့ရပြီးစဥ်းစားတွေးတောစရာအများကြီးနဲ့မို့ ဖတ်လို့ကောင်းတဲ့စာအုပ်တစ်အုပ်လို့ အကြုံပြုလိုပါတယ်။
မူရင်းဂျပန်စာရေးဆရာ Genki Kawamura ရေးသားပြီး ဆရာမျိုးဇော်ဝင်း မြန်မာ
ဘာသာပြန်ထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။
ဒီစာအုပ်ကိုရုပ်ရှင်အဖြစ်လည်းရိုက်ကူးထားပါတယ်တဲ့။
ဒီစာအုပ်လေးကိုသဘောကျနှစ်သက်
ရခြင်းကတော့ "ကိုယ့်ဘဝမှာ ဘယ်အရာတွေက
အရေးကြီးသလဲ၊ ဘယ်ဟာတွေ စွန့်လွှတ်သင့်သလဲ ဆိုတာကို ခံစားတွေးမိစေတဲ့ စာအုပ်လေးမို့ပါ။"
မင်းတစ်ခုကိုလိုချင်ရင်
တစ်ခုကိုစွန့်ပစ်ရပါမယ်တဲ့...။
(စကြာဝဠာရဲ့အခြေခံနိယာမ)
