4 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက်တစ်ရပ်ကို ဂျပန်တာဝန်ရှိသူများ ကန့်ကွက်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သော ဂျပန်ဝန်ကြီးချုပ် အီရှီဘာ၏ မှတ်ချက်စကားများအား မှားယွင်းကိုးကားထားသည့်ကြေညာချက်တစ်ရပ်အတွက် ဂျပန်တာဝန်ရှိသူများက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ် ၂၄ ရက်တွင်ကန့်ကွက်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့် ဂျပန်ဝန်ကြီးချုပ် အီရှီဘာတို့သည် မတ် ၂၁ ရက်တွင် တိုကျိုမြို့တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကြေညာချက်တွင် တရုတ်၏ရပ်တည်ချက် သဘောထားများကို ဂျပန်နိုင်ငံအနေဖြင့် လေးစားမှုရှိသည်ဟူ၍ ဝန်ကြီးချုပ်အီရှီဘာက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် တရုတ်(တိုင်ပေ) ပြဿနာ၊ သမိုင်းဆိုင်ရာပြဿနာများနှင့်ပတ်သက်၍ အရေးကြီးသော နိုင်ငံရေးကတိကဝတ်များအားဂျပန်နိုင်ငံအနေဖြင့် ဖြည့်ဆည်းပေးသင့်သည်ဟူ၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်ဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟူ၍လည်းဖော်ပြထားသည်။
သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်သည်ဝန်ကြီးချုပ်အီရှီဘာ၏ မှတ်ချက်စကားများကိုမှားယွင်းကိုးကားထားရာယင်းကြေညာချက်အတွက် တရုတ်နိုင်ငံကိုကန့်ကွက်ထားပြီး ကြေညာချက်ကိုလည်းရုပ်သိမ်းပေးရန် တောင်းဆိုထားကြောင်း ဂျပန်အစိုးရအတွင်းဝန်ချုပ် ယိုရှီမာဆာဟာယာရှီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရိုက်တာ

image