Apple Intelligence သုံးနိုင်မယ်လို့ လိမ်လည်ကြေညာခဲ့လို့ တရားစွဲခံရတော့မယ့် Apple
False Advertising (မမှန်ကန်တဲ့ ကြေညာမှု) ဆိုပြီး Federal Lawsuit ကနေ တရားစွဲထားတာပါ။ Apple ရဲ့ဘယ်ကြော်ငြာလဲဆိုတော့ Apple Intelligence ကြော်ငြာပါ။ ကြော်ငြာမှာတုန်းက Apple Intelligence ကိုတော့ iPhone 16 Series မှာ ဘယ်လိုမျိုးအမိုက်စားသုံးနိုင်မယ်ဆိုပြီး ကြေညာခဲ့တာကြောင့်ပါ။
တရားစွဲဆိုမှုကိုတော့ US Federal Lawsuit က ပြီးခဲ့တဲ့အပတ်က တင်သွင်းခဲ့တာပါ။ မမှန်သော ကြောညာမှုတွေပြုလုပ်ခဲ့ပြီး user တွေကို ကတိပေးထားတဲ့ Apple Intelligence feature တွေကို မသုံးစွဲရတဲ့အကြောင်းအရင်းနဲ့ပါ။ အဓိကကတော့ Siri အသစ်နဲ့ပတ်သတ်တဲ့ Apple Intelligence Feature တွေပါ။
ဒီတရားစွဲဆိုမှုမှာတော့ Apple ဟာ user တွေကို လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။ လောလောဆယ်တော့ Apple ဘက်က ဘာမှတုံ့ပြန်မှုတွေ မရှိသေးပါဘူး။ လျော်ကြေးပဲ ပေးမလား။ ဒါမှမဟုတ် Apple Intelligence နဲ့ပတ်သက်ပြီး ပြောထားတဲ့ Features တွေပဲ ထပ်ထုတ်ပေးလာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။
