4 w - Translate

100W Fast Charge ပါတဲ့ ဒေါ်လာ ၄၀၀ တန် ဖုန်းအသစ်
Infinix ရဲ့ Note 50 Series ထဲက အမြင့်ဆုံးမော်ဒယ်လို့ ပြောရမယ့် Infinix Note 50 Pro+ ပါ။ အရှေ့မှာလည်း ဖော်ပြခဲ့သလို ဒီနှစ်အတွင်း Infinix ရဲ့အရွေ့က တော်တော်လေးအားကောင်းနေတာပါ။


ပြီးခဲ့တဲ့ရက်ပိုင်းက မိတ်ဆက်ခဲ့တဲ့ Infinix Note 50 Series ထဲက အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Note 50 Pro+ ကတော့ တော်တော်လေးကို ဟော့နေတာပါ။ မိတ်ဆက်တုန်းကဆိုရင် AI buds နဲ့ AI Ring ကိုပါ ပူးတွဲမိတ်ဆက်သွားတာပါ။
နောက်ပြီး ပါဝင်တဲ့ Spec: တွေကလည်း အားရစရာလို့ ဆိုရမှာပါပဲ။ အပေါ်မှာပြောခဲ့သလို 100W Fast Charge က အဓိကပေါ့။ သူက 32 မိနစ်အတွင်း 0% မှ 100% အားသွင်းနိုင်တယ်လို့ ဆိုထားတယ်။ 50W Wireless Charge လည်းရမယ်။ Reverse Charging လည်း support ထားတယ်။

Chips က Mediatek Dimensity 8350 , 144Hz Refresh Rate, 6.78” AMOLED Display, 5200mAh Battery နဲ့ Triple Camera setup ကို Main Camera 50MP သုံးပေးထားတယ်။
သူ့ကို Folax ဆိုတဲ့ AI model အသစ်နဲ့ မိတ်ဆက်ခဲ့တာပါ။ AI Feature တွေ များများတွေ့ရမယ့်ဖုန်းပါ။ AI မော်ဒယ်ဖြစ်တဲ့ Folax က AI Eraser, AI Cutout , AI Writing, AI Note, AI Wallpaper Generator တွေ လုပ်နိုင်မယ်။ ပြီးတော့ Real-Time Call Translator, Call Summary, AI Auto-Answer နဲ့ dual-way Speech Enhancement တို့လို feature တွေလည်း ရနိုင်ပါမယ်။

ဈေးနှုန်းကတော့ ဒေါ်လာ 370 က စပါမယ်။ ရောင်းချမယ့်ရက်ကိုတော့ မကြေညာသေးပါဘူး။

image