မဂ်လာနံနက်ခင်းလေးပါရှင် 🙏🙏🙏
🌷အတ္တပေးရင် ပူလောင်ရမယ်🌷
မေတ္တာစေတနာသက်သက်ပေးတယ်ဆိုရင်
သူမှာလည်း ဘာမှမပူလောင်ရသလို
ကိုယ့်မှာလည်း လုံး၀မဆင်းရဲနိုင်ပါဘူး ။
ကိုယ်ပေးလိုက်လို့လည်း
တစ်ဘက်ကမတုန့်ပြန်လာလည်း
စိတ်ထဲမှာ ဘာမှမသက်မသာမဖြစ်ပါဘူး ။
ကိုယ့်မေတ္တာဆိုတဲ့အရာက
ချုပ်ချယ်ခြင်းဆိုတဲ့အတ္တအရောင်တွေနဲ့
ရောပြီးတော့ ပါနေရင်တော့
သူများကလည်း မကြိုက်နိုင်ပါဘူးနော် ။
ဒါကို ကိုယ့်တစ်ဘက်ထဲကနေ
မေတ္တာစေတနာကို မမြင်ဘူးလို့ပြောလို့မရဘူး ။
ကိုယ်က ကိုယ့်အတ္တအလိုကျအတိုင်း
လူတွေရဲ့အပေါ်မှာဆက်ဆံနေတာလည်း
ဖြစ်နိုင်တယ် မဟုတ်လား ။
အတ္တနဲ့ ဆက်ဆံမိတော့
အလိုမကျမှုတွေ ဖြစ်လာတဲ့အခါမှာ
တစ်ဘက်လူရဲ့စိတ်ကဘာမှမဖြစ်ပဲ
ကိုယ့်ကပဲ စိတ်မကောင်းဖြစ်ကြရပါတယ် ။
ကိုယ့်မေတ္တာက စစ်တယ်ဆိုရင်
ဘယ်သူမှ မနစ်နာတဲ့ ရလာဒ်အနေထားတွေ
ကိုယ်စီမှာ ကျန်ရစ်နေမှာ သေချာပါတယ် ။
Crd သာရ ဂ ဝေ သီ
