Verizon ဂြိုလ်တုစာပို့စနစ် Pixel နဲ့ Galaxy ဖုန်းတွေမှာ ရပြီ
ဖုန်းလိုင်းမမိတဲ့အချိန် ဂြိုလ်တုကနေ စာပို့နိုင်မယ့် Verizon ဝန်ဆောင်မှု ထွက်လာပါတယ်။
ဒီဂြိုလ်တုစာပို့စနစ်ကို Verizon က free ပေးသုံးတာ ဆိုပေမယ့် လောလောဆယ်တော့ Google Pixel 9 နဲ့ Samsung Galaxy S25 ဖုန်းတွေအတွက်ပဲ ရဦးမှာပါ။
အခု ဝန်ဆောင်မှုအတွက် Verizon က Skylo ဂြိုလ်တုတွေကို သုံးပါတယ်။ Verizon ဟာ နောက်ထပ် ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ AST SpaceMobile မှာ ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဂြိုလ်တုကနေ video call ခေါ်နိုင်အောင် ကြိုးစားနေပါတယ်။
Verizon နဲ့ ပြိုင်ဘက် T-Mobile ကတော့ Starlink နဲ့ ပေါင်းပြီး ဂြိုလ်တုသုံး ဖုန်းခေါ် , စာပို့ အင်တာနက်သုံးနိုင်မယ့် Direct to Cell ဝန်ဆောင်မှု စတင်ထားပြီး လောလောဆယ် T-Mobile users တွေလည်း Starlink စာတိုပို့စနစ်ကို အခမဲ့ သုံးနေကြပါတယ်။
