Camera အကောင်းဆုံးဖုန်းတစ်လုံး မကြာခင်မြင်ရတော့မယ် 👀
.
OPPO ကတော့ လာမယ့် ဧပြီလ (၁၀) ရက်နေ့ကြရင် တရုတ်နိုင်ငံမှာ Find X8 ဖုန်းအသစ်တွေကို မိတ်ဆက်မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ။
ဒါကြောင့် ကင်မရာပိုင်း ပိုကောင်းလာမယ့် OPPO Find X8 Ultra အပြင် OPPO Find X8s | Find X8s+ ဖုန်းတွေပါ အသစ်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဖုန်းတွေတင်မဟုတ်ပဲ OPPO Pad 4 Pro Tablet နဲ့ OPPO Watch X2 Mini Smartwatch တွေ၊ OPPO Enco Free 4 Earbuds တွေကိုလည်း တွဲဖက်မိတ်ဆက်သွားမှာပါ။
OPPO Find X8 Ultra ဖုန်းက လောလောဆယ်မှာ Night Portrait King ဆိုပြီး ညဘက် Portrait အကောင်းဆုံးဖုန်းဖြစ်မယ်ဆိုပြီး သတင်းထွက်နေပြီ၊ iPhone 16 Pro Max နဲ့တောင် ထုံးစံအတိုင်း ယှဥ်ရိုက်ပြထားသေးတယ် (Check Comment)
Camera Specs တွေကတော့ 50MP 1" Sony LYT900 Main Sensor | 3x Periscope Telephoto Sensor နဲ့ 50MP 6x Periscope Telephoto Sensor | 50MP Ultrawide Sensor တွေပါမယ်။ Dual Periscope Telephoto Camera တွေကို သေချာဆက်သုံးလာမယ့် Flagship ဖုန်းဖြစ်နေတုန်းပဲ၊ ကျန်တဲ့ Specs တွေအနေနဲ့ဆိုရင် 6000+mAh Battery | 100W Fast Charging အပြင် Ultra ဖုန်းတွေထဲမှာ အပါးဆုံးဖြစ်လာမယ်ဆိုပဲ။
