4 w - Translate

Camera အကောင်းဆုံးဖုန်းတစ်လုံး မကြာခင်မြင်ရတော့မယ် 👀
.
OPPO ကတော့ လာမယ့် ဧပြီလ (၁၀) ရက်နေ့ကြရင် တရုတ်နိုင်ငံမှာ Find X8 ဖုန်းအသစ်တွေကို မိတ်ဆက်မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ။
ဒါကြောင့် ကင်မရာပိုင်း ပိုကောင်းလာမယ့် OPPO Find X8 Ultra အပြင် OPPO Find X8s | Find X8s+ ဖုန်းတွေပါ အသစ်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဖုန်းတွေတင်မဟုတ်ပဲ OPPO Pad 4 Pro Tablet နဲ့ OPPO Watch X2 Mini Smartwatch တွေ၊ OPPO Enco Free 4 Earbuds တွေကိုလည်း တွဲဖက်မိတ်ဆက်သွားမှာပါ။
OPPO Find X8 Ultra ဖုန်းက လောလောဆယ်မှာ Night Portrait King ဆိုပြီး ညဘက် Portrait အကောင်းဆုံးဖုန်းဖြစ်မယ်ဆိုပြီး သတင်းထွက်နေပြီ၊​ iPhone 16 Pro Max နဲ့တောင် ထုံးစံအတိုင်း ယှဥ်ရိုက်ပြထားသေးတယ် (Check Comment)
Camera Specs တွေကတော့ 50MP 1" Sony LYT900 Main Sensor | 3x Periscope Telephoto Sensor နဲ့ 50MP 6x Periscope Telephoto Sensor | 50MP Ultrawide Sensor တွေပါမယ်။​ Dual Periscope Telephoto Camera တွေကို သေချာဆက်သုံးလာမယ့် Flagship ဖုန်းဖြစ်နေတုန်းပဲ၊​ ကျန်တဲ့ Specs တွေအနေနဲ့ဆိုရင် 6000+mAh Battery | 100W Fast Charging အပြင် Ultra ဖုန်းတွေထဲမှာ အပါးဆုံးဖြစ်လာမယ်ဆိုပဲ။

image