4 w - Translate

တွေးတာဟာ ဝေဒနာအားလုံးရဲ့ တရားခံ ဖြစ်ပါတယ် ။ ကျွန်တော်တို့ တွေးတာကနေ မကောင်းတဲ့စိတ် လှုပ်ရှားခံစားမှုတွေ ဖြစ်လာကြတော့ တွေးတာတွေကို နောက်ကြောင်း ပြန်လိုက်ရင် ဖြေရှင်းရ လွယ်သွားစေပါတယ် ။ အဲဒါကြောင့် တွေးတာဟာ အကြောင်းရင်း ဖြစ်တယ်ဆိုတာ သဘောပေါက်တာနဲ့ တွေးတာကို ထွက်သွားခွင့်ပြုလိုက်ပါ ။
မတွေးဘဲ နေတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန် ဖြစ်ပါတယ် ။ တစ်နည်းအားဖြင့် Default State of Mind လို့သတ်မှတ်ထားတဲ့ မူလ စံသတ်မှတ်အနေအထား ဖြစ်ပါတယ် ။ တွေးတာ နဲ့ အတွေးတွေက မတူကြပါဘူး ။ Thinking နဲ့ Thoughts ဖြစ်ပါတယ် ။
ဒီစာအုပ်မှာ -
စိတ်ပိုင်းဆိုင်ရာ ၊ စိတ်လှုပ်ရှား ခံစားမှုပိုင်းဆိုင်ရာ ဝေဒနာတွေရဲ့ ဇာစ်မြစ်နဲ့ ဒါတွေကို ဘယ်လိုအဆုံးသတ်နိုင်တယ်ဆိုတဲ့ အကြောင်း
မကောင်းတဲ့အတွေးတွေ ၊ ခံစားချက်တွေရဲ့ဒဏ်ကို မခံရလေအောင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့အကြောင်း
ပြင်ပအခြေအနေတွေ ဘယ်လိုရှိနေပေမဲ့ ခြွင်းချက်မဲ့ ချစ်မေတ္တာ ၊ ငြိမ်းချမ်းမှု ၊ ပျော်ရွှင်မှုတွေကို ဘယ်လိုရရှိနိုင်တဲ့အကြောင်း
သင့်ရဲ့ လက်ရှိဘဝ အခြေအနေတွေကို မကြိုက်ဘူးဆိုရင် ဘဝ အတွေ့အကြုံသစ်တစ်ခု ချက်ချင်းရရှိစေဖို့ ဘယ်လိုလုပ်နိုင်တဲ့အကြောင်း
မကောင်းတဲ့ အတွေးတွေထဲမှာ ပိတ်မိရာကနေ ဘယ်လိုရုန်းထွက်လာနိုင်တဲ့အကြောင်း
စိုးရိမ်ပူပန်မှု ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်နေမှု ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်လိုဖျက်ဆီး လုပ်နေတဲ့ အပြုအမူတွေကို ဘယ်လိုထွက်သွားအောင် လုပ်နိုင်တဲ့အကြောင်း
စဉ်းစားတွေးတောမှု အကန့်အသတ်တွေကို ကျော်လွန်ပြီး အလိုလိုသိစိတ် (Intuition) ၊ ကိုယ်တွင်းအသိပညာ (Inner Wisdom) တွေကို ဘယ်လိုရရှိစေနိုင်တဲ့အကြောင်းတွေ ဖတ်ရှုရမှာ ဖြစ်ပါတယ် ။
#တွေးသမျှတိုင်းကိုမယုံလိုက်နဲ့ #မျိုးလွင်

image