ငါးမျှားတံမှာတပ်ထားတဲ့
ဖော့ဖြူဖြူလေးလိုပေါ့
လောကဓံဟာ ငါးတွေ ဆိုပါတော့။
ငါးအဆွဲမှာ ဖော့ကလေးဟာ
မြုပ်မြုပ်သွားတယ်။ ထာဝရ မဟုတ်ဘူး။
ရေပေါ် ပြန်ပေါ်လာတာချည့်ပဲ။ အဲ့ဒါပါပဲ။
ငါ မင်းတို့ကို
မိုတီဗိတ်တာလည်း မဟုတ်ပါဘူး။
တက်ကျမ်းတွေ ကျကျမ်းတွေအပေါ်
ငါဘယ်တုန်းကမှ အယုံအကြည်မရှိဖူးခဲ့တဲ့
အတွက် လူစွာလုပ်တဲ့ ကိစ္စကို
မစင်ဘင်ပုတ်တွေလို ရွံရှာတယ်။
ငါထင်တာ ငါပြောတာပါပဲ။
မင်းတို့မေးတဲ့အခါ ငါဖြေပါတယ်။
ငါ့ရင်ထဲမှာ မကြောက် တရားရယ်။
ဒုက္ခဆိုတာ ငါးမျှားတံက
ဖော့ဖြူဖြူလေးဆိုတာရယ် အဲ့ဒီနှစ်ခုပါပဲ။
ပါပီယွန် ဇာတ်လမ်းထဲမှာ
ပါပီယွန်က သူ့သူငယ်ချင်း
လူဝီဒက်ဂါးကို ပြောတဲ့ စကားတခွန်းရှိတယ်။
“ အရေးအကြီးဆုံးတစ်ချက်က
ငါတို့ အသက်ရှင်နေသေးတယ် ဆိုတာပဲ” တဲ့
အဲ့ဒီစာကြောင်းလေးနဲ့
ငါအသက်ရှင်သန်ခဲ့ဖူးတယ်။ ဒါပါပဲ။
▪️ပါပီယွန် (ပယ်ရီပယ်ရီချစ်ကန်း/စာအုပ်မှ)
