4 ပတ် - ဘာသာပြန်ပါ။

2006 ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်လေးတစ်ခုဖြစ်ပြီး IMDB မှာလည်း 7.4 ထိရရှိထားတဲ့ ကိုရီးယား အချစ်ရုပ်ရှင်လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

အသက် ၂၅ နှစ်ပြည့်တဲ့အချိန်အထိ အချစ်ဦးလာမှာကို စောင့်နေတဲ့ ဟယ်ယောင်း ဆိုတဲ့ကောင်မလေးတစ်ယောက် သူ့အဘိုးရဲ့ ပစ္စည်းအဟောင်းဆိုင်မှာပဲ အလုပ်ဆက်လုပ်နေခဲ့ပါတယ်။ အားလပ်ရက်ဆို လမ်းပေါ်မှာ ပန်းချီဆွဲပါတယ်။ တစ်နေ့ တစိမ်းတွေကို ပန်းချီဆွဲပေးချိန် ၄နာရီ ၁၅ မိနစ်မှာ လူတစ်ယောက်က သူ့ရှေ့လာထိုင်လိုက်တယ်။ ဒီလိုရောက်လာတဲ့သူကတော့ ဂျောင်ဝူးပါ။ အရင်ကမသိကြပေမယ့်လည်း ဟယ်ယောင်း စိတ်ထဲမှာ ထူးဆန်းနေတယ်။ နောက်တော့ ဟယ်ယောင်းက သူ့ အဘိုးရဲ့ ရွာလေးကိုပြန်ပြီး ပန်းချီဆွဲရင်း အချိန်ကုန်‌တုန်းမှာလည်း သူ့ဆီကို နေ့တိုင်း ဒေစီ ပန်းလေးတွေ ရောက်လာပါတယ်။ ဒေစီ ပန်းလေးတွေကို ပို့တဲ့သူက ဘယ်သူလဲဆိုတာသိချင်တဲ့ ဟောယောင်း ပြတင်းပေါက်ကို လှမ်းကြည့်တော့လည်း ဘယ်သူမှမရှိ။
ဒေစီ ပန်းလေးတွေ ပို့နေတဲ့သူက ဂျောင်ဝူးဖြစ်မလား... ‌
ဒါမှမဟုတ် နောက်တစ်ယောက် ရှိနေဦးမလား...
ဒီတော့ လှပလွန်းတဲ့ မင်းသမီး Jun-Ji-Hyun နဲ့အတူ ရုပ်ရှင်လေးကို စီးမျောလိုက်ပါနော်...
အချစ်ဆိုတာဘာလဲ... ဒီလိုအချစ်မျိုးတွေရော ရှိပေါ့လားဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးတာနဲ့ မေ့ပစ်ဖို့ မလွယ်တဲ့ ၀မ်းနည်းဖွယ် "Daisy(2006)" ရုပ်ရှင်ကို ခံစားကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။

image