Carl's Date (2023)
အားလုံးရင်ထဲစွဲနေတဲ့ ကာတွန်းကားလေးတစ်ကားဖြစ်တဲ့ Up (2009) ကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ ယခုဇာတ်လမ်းတိုလေးကတော့ အဲ့ Up ဇာတ်ကားအပြီး Carl နဲ့ ခွေးလေး Dug တို့တူတူနေကြတဲ့အချိန်ကိုဇာတ်လမ်းတည်ထားတာပါ။ Carl တစ်ယောက်ကို မိုင်ယာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဒိတ်ဖို့ခေါ်တဲ့အခါ Carl ရဲ့ ဂယက်တွေနဲ့ ခွေးလေးရဲ့ပံ့ပိုးမှုတွေကို ပေါ့ပေါ့ပါးပါးလေးမြင်ရမှာပါ။ ထပ်တိုးပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ အတိတ်မှာပဲ ပိတ်မိနေရင် ရှင်ရက်နဲ့သေနေသလိုပါပဲတဲ့။ ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ ဆက်လက်ရှင်သန်ဖို့အတွက် အတိတ်ကနေရုန်းထွက် move on နိုင်ကြရမှာပါ။ ချစ်ရသူအယ်လီကိုလွမ်းဆွတ်ရင်း အမြဲ ဝမ်းနည်းနေတတ်တဲ့ Carl တစ်ယောက် အတိတ်မှာပဲပိတ်မိနေမှာလား ရှေ့ဆက်လျှောက်မလားဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။
ဇာတ်ကားလင့်
https://t.me/c/2186686827/182
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
