5 w - Translate

#ပြည်တွင်းသတင်း
◼ယခုလ တတိယဆယ်ရက်ပတ်အတွင်း ရန်ကုန်တိုင်းအပါအ၀င် တိုင်း နှင့် ပြည်နယ်တချို့တွင် မိုးထစ်ချုန်းရွာမည်
ရန်ကုန်တိုင်းအပါအ၀င် တိုင်းနှင့် ပြည်နယ်တချို့တွင် ယခုလ ၂၁ ရက်မှ ၃၁ ရက်အထိ တတိယဆယ်ရက်ပတ်အတွင်း မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မိုးရွာသွန်းမှုအခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ထားသည်။
မိုးရွာသွန်းမှု ရက်များအနေဖြင့် တနင်္သာရီတိုင်း နှင့် ကချင်ပြည်နယ်တို့တွင် လေးရက် မှ ခြောက်ရက်ခန့်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ရက် မှ သုံးရက်ခန့် နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင်လည်း ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရေပြင်လေသည် အရှေ့ (သို့) အရှေ့မြောက်တွင် တစ်နာရီလျှင် ပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ ထိရှိနိုင်ကြောင်း၊ လှိုင်းအမြင့်မှာ လေးပေ မှ ခြောက်ပေခန့်ထိရှိကာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
သတင်း- အင်ကြင်း
ဓာတ်ပုံ -CJ

image