သိပ်သိတာပေါ့...!
ဘယ်သူတွေ ကိုယ့်အပေါ်
ဘယ်လို ဆက်ဆံသလဲ
ဘယ်လို သဘောထားလဲ
ကိုယ့်အပေါ် ဘယ်သူက ကောင်းလဲ
ဘယ်သူက ဆိုးလဲ ဆိုတာ
အပြောအဆိုတွေ၊ အပြုအမူတွေ
ပြီးတော့ စကားလုံးတွေကအစ အကုန်သိတယ်
ဒီထက် ပိုသိထားတာက
ဘဝဆိုတာ ခဏလေး
အချိန်တိုတိုလေးဆိုတာပဲ
လူသားသန်းပေါင်းများစွာရှိတဲ့ အထဲက
ကိုယ်နဲ့ တွေ့ခွင့် ဆုံခွင့်ရနေတဲ့သူတွေဟာ
သာမန် တိုက်ဆိုင်မှုသက်သက်နဲ့တော့
မဆုံတတ်ကြဘူးဆိုတာကို
အပြည့်အဝယုံတယ်..
ရေစက်ကြောင့်လား,
ဝဋ်ကြွေးကြောင့်လား
ဘာကြောင့်ပဲ ဆုံဆုံ
ကံကုန်လို့ ပြန်မဆုံနိုင်ကြရတော့တဲ့ တစ်နေ့
ကိုယ့်ရဲ့ ရိုးသားမှု
ဖြူစင်မှု၊ စစ်မှန်မှုတွေကို
လက်ဆောင်အဖြစ် ကျန်နေခဲ့စေချင်တယ်လေ..
ဒါ့ကြောင့် ကိုယ့်အပေါ်
ဆိုးတဲ့သူပဲဖြစ်ဖြစ်၊ ကောင်းတဲ့သူပဲ ဖြစ်ဖြစ်
ကိုယ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အချိန်လေးမှာ
အားလုံးကို စိတ်ရင်းနဲ့ ပေါင်းတယ်..
အစစ်အမှန်တွေကိုပဲ ပေးတယ်..
ဝဋ်ကြွေးဆိုရင်
ဒီဘဝ ဒီမျှနဲ့ ကျေပါစေဆိုတဲ့စိတ်နဲ့
ကိုယ်ဘက်က အမြဲကောင်းအောင်ကြိုးစားရင်း
ကိုယ့်အပေါ် ဆိုးခဲ့တဲ့အရာအားလုံးအတွက်
မသိချင်ယောင်ဆောင်ပြီး
နေတတ်သွားခဲ့ယုံပါ..
တကယ်တော့ ကိုယ့်အပေါ်
ဘယ်သူ ဆိုးလဲ..ကောင်းလဲ..အကုန်သိတယ်...။
