5 w - Translate

သူကောင်းမှ ကိုယ်ကောင်းမယ် သူဆိုးရင် ကိုယ်လည်းဆိုးမယ်ဆိုသူက များပါတယ် ။ တကယ်တော့ သူ
မကောင်းတာက သူ့အကြောင်း ၊ ကိုယ်ကောင်းတာက
ကိုယ့်အကြောင်းမို့ သူမကောင်းလည်း ကိုယ်ကကောင်းနေဖို့ လိုပါတယ် ။ သူ မကောင်းတိုင်း ကိုယ်က လိုက်မကောင်းစရာ မလိုပါဘူး ။ သူ ဆိုးတာနဲ့ ကိုယ်လည်း လိုက်ဆိုးနေစရာမလိုပါဘူး ။
သူ ကောင်းကောင်း မကောင်းကောင်း ကိုယ်က ကောင်းပေးနိုင်ရင် ၊ သူ ဆိုးဆိုး မဆိုးဆိုး ကိုယ်က မဆိုးဘဲ နေနိုင်ရင် ကိုယ့်အတွက် အကောင်းဆုံးပါပဲ ။
မကောင်းတဲ့သူတွေအပေါ်မှာ ကောင်းပေးရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ။ မလွယ်ကူပေမယ့်
အတတ်နိုင်ဆုံး စိတ်ကောင်းလေး မွေးပြီး ကောင်းပေးနိုင်မယ်ဆိုရင် သံသရာနဲ့ ချီကြည့်လိုက်တဲ့အခါ ကိုယ့်အတွက်
အကျိုးမယုတ်ပါဘူး ။ ကောင်းကျိုးတွေ ဖြစ်စေနိုင်ပါတယ် ။
#ခွင့်လွှတ်ပေးလိုက်ပါ #မောင်ဘုန်း (သပြု)

image