အင်္ဂါဂြိုဟ်ရဲ့ နေဝင်ချိန်
လူသားမျိုးဆက်ပေါင်း ထောင်နဲ့ချီပြီး ရှိခဲ့တဲ့အနက် ကျွန်တော်တို့ လူသားမျိုးဆက်ဟာ အခြားကမ္ဘာတစ်ခု (ဂြိုဟ်တစ်ခု) ပေါ်က နေဝင်ချိန်ရဲ့ ဓာတ်ပုံကို မြင်တွေ့ခွင့်ရတဲ့ ပထမဦးဆုံးမျိုးဆက်ဖြစ်ပါတယ်။
ဟုတ်ပါတယ် ဒါဟာ အင်္ဂါဂြိုဟ်ပေါ်က နေဝင်ချိန်ကိုရိုက်ကူးထားတဲ့ တကယ့်အစစ်အမှန် ဓာတ်ပုံဖြစ်ပါတယ်။ ဒီပုံကို NASA ရဲ့ Curiosity Mars Rover က ဂေးလ်ချိုင့်ဝှမ်း (Gale Crater) မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
အကယ်၍ သင်သာ အဲ့ဒီနေရာမှာ ရှိနေမယ်ဆိုရင်တော့ အပြာရောင် ပိုသန်းနေတာကို မြင်တွေ့ရပါလိမ့်မယ်။
ဒါဟာ အင်္ဂါဂြိုဟ်ရဲ့ လေထုထဲမှာရှိတဲ့ ဖုန်မှုန့်တွေကြောင့်ပါ။
အဲဒီဖုန်မှုန့်တွေမှာ အလွန်သေးငယ်တဲ့ အမှုန်လေးတွေပါပြီး အဲဒီအမှုန်တွေက လှိုင်းအလျားပိုရှည်တဲ့ (ဥပမာ- အနီနဲ့ အဝါ) အရောင်တွေထက် အပြာရောင်အလင်းကို လေထုထဲ ပိုမိုထိရောက်စွာ ထိုးဖောက်ဝင်ရောက်စေပါတယ်။
အဲ့ဒါကြောင့် ကမ္ဘာပေါ်မှာ မြင်ရတဲ့ အဝါရောင်၊ အနီရောင် နေဝင်ချိန်တွေနဲ့ မတူဘဲ အင်္ဂါဂြိုဟ်မှာ အပြာရောင် နေဝင်ချိန်ကို ဖြစ်ပေါ်စေတာပါ။
အင်္ဂါဂြိုဟ်ပေါ်မှာ ဒီအပြာရောင်ဟာ နေဝင်ချိန်နီးကပ်လာတာနဲ့အမျှ ပိုပြီးတော့ သိသာထင်ရှားလာပါတယ်။ အကြောင်းကတော့ နေကလာတဲ့ အလင်းဟာ လေထုကို ပိုရှည်လျားတဲ့ လမ်းကြောင်းကနေ ဖြတ်သန်းရလို့ပါပဲ။
Photo : NASA
#mars #knowledge
