5 ပတ် - ဘာသာပြန်ပါ။

ရွှေတောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်

(မှုခင်း) မတ် ၁၉
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရွှေတောင်မြို့ ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းတွင် ဆိုင်ကယ်အား ဆိုက်ကားပုံစံပြုလုပ်ထားတဲ့ ဘေးတွဲယာဉ်ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ရွှေတောင်မြို့၊ကြာနီကန်ရပ်ကွက်တွင် မတ်လ ၁၈ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်ဘေးတွဲပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်
ဘေးတွဲမောင်းနှင်သူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဘေးတွဲမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဆိုက်တွဲမောင်းနှင်သည့် သန်းထိုက် ဆိုသူအား ရွှေတောင်ဆေးရုံးတွင် ဆေးဝါးကုသနေကြောင်း သိရသည်။

ဒေသခံများ၏ပြောဆိုချက်အရ သန်းထိုက် ဆိုသူမှာ (၂၀၂၁) ဆန့်ကျင်ဆန္ဒပြပွဲများတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး NLD ပါတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုနှင်ပတ်သက်သည့် တရားခံများနှင့် ဆက်စပ်တရားခံများကိုဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#ရွှေတောင် #ဗုံးပေါက်ကွဲမှုဖြစ် #ဘေးတွဲ

image