5 ပတ် - ဘာသာပြန်ပါ။

ကိုယ်ကောင်းအောင်နေပါလျှက်နဲ့
ကိုယ့်အပေါ်မကောင်းကြံခြင်းအတွက်
ဝမ်းနည်းမနေပါနဲ့
ကိုယ်အကောင်းဆုံးပေးဆပ်နေပါလျှက်နဲ့
ကိုယ့်တန်ဖိုးကိုမသိသူအတွက်
စိတ်မကောင်းမဖြစ်ပါနဲ့
ကိုယ်သည်းခံနေပါလျှက်နဲ့
ကိုယ့်အပေါ် ဂုတ်ခွစီးနေတဲ့သူတွေကို
ဒေါသမဖြစ်ပဲ ဥပေက္ခာပြုလိုက်ပါ
ကိုယ်မှန်နေပါရက်နဲ့
ကိုယ့်အပေါ်မတရားလုပ်နေသူကို
နာကျည်းမနေပါနဲ့
ကိုယ်သစ္စာရှိနေပါလျှက်နဲ့
ကိုယ့်ကို စွန့်ပစ်သွားသူကို အပြစ်တင်
မနေပါနဲ့
ကိုယ်အကောင်းဆုံးကြိုးစားနေပါလျှက်နဲ့
ဖြစ်မလာတဲ့ အကျိုးရလာဒ်တွေအတွက်
နောင်တ ရမနေပါနဲ့
ကိုယ်ကောင်းအောင်နေဖို့က
အဓိကဖြစ်သလို
ကိုယ်ကောင်းအောင်နေခြင်းအတွက်
သင်ထားခဲ့တဲ့ စေတနာကို
အမှန်တရားက
လျော်ကြေးပေးပါလိမ့်မယ်
ပြန်ပြီးအကျိုးမပေးဘူးလို့တော့
သံသယမဝင်ပါနဲ့
ကောင်းကျိုးချမ်းသာဆိုတာ
ကိုယ်ကောင်းအောင်နေရင်
သင့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှာ
အသေအချာပါပဲ။

image