5 ပတ် - ဘာသာပြန်ပါ။

အားနေရင် စာရိုက်ကျင့်ပါ🫠
အခုရေးဖြစ်တာက ထူးထူးခြားခြား Software တော့မဟုတ်ဘူး၊ Typing Test Website တွေထဲက သဘောကျမိတဲ့ Website - MonkeyType ပါ။ ဒီ MonkeyType Website ကို သဘောကျတာက Minimalist တော်တော်လေးဖြစ်တယ်၊​ ကိုယ်စာရိုက်ချင်တဲ့ပုံစံကိုလည်း ဘယ်လိုပုံစံ၊ စာပိုဒ်တွေ၊ စာလုံးအကြီးအသေးတွေ ပြင်လို့ရသလို အချိန်ကိုလည်း ၁၅ စက္ကန့်၊ စက္ကန့် ၃၀ ကနေ စိတ်ကြိုက်သတ်မှတ်နိုင်တယ်။ Minimalist ဖြစ်သလောက် Customize လည်း အကုန်လုပ်လို့ရတယ်။​
ပြီးတော့ သဘောကျတာက Tab + Enter နှိပ်ပြီး Test ကို Restart လုပ်လို့ရတာပဲ၊ ဒါက နည်းနည်းမှားတာနဲ့ Record ပျက်မှာစိုးလို့ ပြန်ပြန်စနေတတ်ရင် တော်တော်အသုံးဝင်တယ်။
ဘာလို့ ဒီလို Typing Test ကို Recommend ပေးရသလဲဆိုတော့ ကိုယ့်အတွက် အလုပ်မှာပဲဖြစ်ဖြစ်၊ တခြား ဘယ်နေရာမှာပဲဖြစ်ဖြစ် သေချာအလုပ်လုပ်ပြီဆိုရင် ကွန်ပျူတာတွေ၊ ဒီ Keyboard တွေက သုံးနေရတုန်းပဲ - အခုက AI တွေဘာတွေပိုအလုပ်ဖြစ်နေပေမယ့် Prompt ရိုက်တာကလည်း Keyboard လိုနေတုန်းပဲလေ။ ဒီနေရာမှာ အားတဲ့အချိန် တစ်နေ့ကို နာရီဝက်လောက် ပုံမှန်ထိုင်ပြီး Typing Test စမ်းနေဖြစ်၊ ဒီလို အမြန်ရိုက်နေဖြစ်ရင် ကျိန်းသေ Typing Speed က တက်လာတာပဲ။
ပြီးတော့ တစ်ဖက်မှာ ဒီလို MonkeyType Typing Test တွေက ကိုယ်က Keyboard တို့၊ Laptop တို့ ဝယ်တော့မယ်ဆိုရင် စာရိုက်ရအဆင်ပြေမပြေ ကို စမ်းလို့လည်း ကောင်းတယ်။ ကျွန်တော်တို့တောင် MacBook ကို စာရိုက်လို့အဆင်ပြေပြီထင်ပေမယ့် တကယ် Custom Mechanical Keyboard တွေမှာ သိသိသာသာ 10 WPM ကျော်လောက်ထိ ပိုမြန်နေတာမျိုးလည်း ရှိတာပဲ။
Typing Speed ပိုင်းကို ခွဲရရင် -
Slow : 10-40 WPM
Average: 40-60 WPM
Fast: 60-100 WPM
Professional Typist: 100-130+ WPM လောက်ရှိတယ်။ WPM ဆိုတာက Word Per Minute - တစ်မိနစ် - စက္ကန့် ၆၀ ကို ရိုက်နိုင်တဲ့ စာလုံးရေပေါ့။ 60WPM - တစ်စက္ကန့်ကို စာလုံးတစ်လုံးလောက် ရိုက်နိုင်ရင်တောင် အဆင်ပြေနေပြီ။
စာရိုက်မြန်မှ အလုပ်လုပ်နိုင်တာမဟုတ်ပေမယ့် စာရိုက်မြန်နေတာက အားနည်းချက်တော့ ဘယ်တော့မှဖြစ်နေမှာမဟုတ်ဘူးပေါ့ 🫠

image