5 w - Translate

Tesla ထက် နှစ်ဆမြန်တဲ့ အားသွင်းနည်းပညာ BYD ကြေညာ

၅ မိနစ်အားသွင်းရုံနဲ့ မိုင် ၂၅၀ နီးပါး သွားနိုင်မယ့် EV charging နည်းပညာသစ်ကို BYD က ချပြလိုက်ပါတယ်။

ဒီနည်းပညာကို Super e-Platform အားသွင်းနည်းပညာလို့ ခေါ်ပြီး charging speed အနေနဲ့ 1000kW အထိ ထွက်မှာပါ။ Tesal ရဲ့ အသစ်ထွက်လာမဘ့် V4 Superchargers တောင် 500kW ပဲ ထွက်မှာ ဖြစ်လို့ BYD နည်းပညာက နှစ်ဆပိုမြန်တယ်လို့ ပြောနိုင်ပါတယ်။

" EV အားသွင်းလောကမှာ အားသွင်းပါဝါအနေနဲ့ Megawatt ထွက်တာ ဒါက ပထမဆုံးအကြိမ်ပါပဲ" လို့ BYD တည်ထောင်သူ ဝေါင် ချွမ်းဖူက ပြောပါတယ်။

BYD ရဲ့ Super e-Platform charging သစ်ကို ယွမ် ၂၇၀၀၀၀ ဝန်းကျင်တန် BYD Han L sedan နဲ့ Tang L SUV ယာဉ်တွေမှာ ပထမဆုံး သုံးသွားမှာပါ။ လောလောဆယ် BYD ကားပိုင်ရှင်အများစုက အားသွင်းဖို့ third-party charging network တွေ သုံးနေရတာပါ။

ဒီအခက်အခဲကို ဖြေရှင်းဖို့ တရုတ်နိုင်ငံတလွှား မြန်နှုန်းမြင့် အားသွင်းရုံ ၄၀၀၀ ကျော်လည်း တည်ဆောက်ဖို့လည်း BYD က ပြင်ဆင်နေပါတယ်။ မကြာသေးခင်ကလည်း BYD ဟာ DJI ဒရုန်းကုမ္ပဏီနဲ့ ပေါင်းပြီး ကားပေါ်မှာ ဒရုန်းလွှင့်နိုင်တဲ့ ယွမ် ၁၆၀၀၀ တန် roof-mounted launcher စနစ် မိတ်ဆက်ထားပါတယ်။

image