Samsung ဖုန်းများအတွက်Featureအသစ်
Samsung ၏ feature အသစ်များထဲမှ လူငယ်များအတွက်ဦးတည်သော feature တစ်ခုအကြောင်းမျှဝေပေးချင်ပါတယ်။
မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ Samsung Galaxy ဖုန်းများအတွက် ဂိမ်းကစားခြင်းအတွေ့အကြုံကို မြှင့်တင်ပေးမည့် app ကို Samsung ကထည့်သွင်းပေးတော့မယ်လိုဆိုပါတယ်။
Feature သစ်နာမည်ကတော့ Game Booster+ လို့သိရှိရပြီး လက်ရှိတွင်တောင်ကိုရီးယားတွင်သာရမှာဖြစ်ပြီး Good Lock appထဲတွင် Game Booster+ ကိုမကြာမီကာလအတွင်းအခြား region သုံးစွဲသူများအတွက်ရရှိနိုင်မည်ဟုသိရပါတယ်။ ဘာပဲဖြစ်ဖြစ် Game Booster+ သည် game ကစားချိန်တွင် Graphic setting အပြင် GPU အတွက်ပါအထောက်အကူပြုမယ်နိုင်ဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ဒီ feature ကတော့ဂိမ်းအမျိုးမျိုးအတွက် သင့်လျော်သော setting မျိုးကိုရွေးချယ်နိုင်မည့်အပြင် မိမိစိတ်ကြိုက်လဲပြောင်းနိုင်မယ်လို့သိရပါတယ်။အားသာချက်အနေနဲ့က performance ကိုကြိုက်သလိုအသုံးပြုနိုင်ဖို့ အဓိကပြုလုပ်ပေးတာလို့ဆိုထားသည်။
GPU ဆက်တင်အသစ်များတွင် PreTransform နှင့် Texture Filter ပါဝင်ပြီး ယခင်အတိုင်း Vulkan ဂိမ်းများသီးသန့်မဟုတ်တော့ပဲ ဂိမ်အမျိုးအစားအားလုံးအတွက်လို့ဆိုထားပါတယ်။
အခြားသော Brand များထဲဝင်မြင်တွေ့ရသည်မှာ ကြာခဲ့သော်လည်းမပါမဖြစ် feature လို့သတ်မှတ်လာသဖြင့် Samsung user များမျှော်လင့်ခဲ့သည့်အတိုင်းမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။
