5 ပတ် - ဘာသာပြန်ပါ။

1187. The Scorpion King 3: Battle For Redemption (2012) 👈

တတိယမြောက် Scorpion King ဇာတ်ကားကိုတော့ဒါရိုက်တာ Roel Reine’ ရိုက်ကူးခဲ့ပြီး2012 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်အဓိကသရုပ်ဆောင်များအဖြစ် Victor Webster၊ Ron Perlman၊ Billy Zane တိုနဲ့အတူမင်းသမီးချောလေး Krystal Vee လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်

ဒီကားမှာတော့ ကျွန်တော်တိုရဲ့ အာကေးဒီးယန်းသားကြီး မက်သားရပ်စ် ဟာစစ်ပွဲတစ်ခုမှာစစ်ရှုးခဲ့ပါတယ်သူ့ရဲ့အင်ပါယာကြီး ပြိုကွဲခဲ့ရုံသာမက သူ့ရဲ့ချစ်လှစွာသော မှော်ဆရာမလေးပါဆုံးပါးသွားတာကြောင့် မက်သားရပ်စ်တစ်ယောက် ဘဝပျက်နေတဲ့ကာလလိုတောင် ဆိုနိုင်ပါတယ် သေမထူး နေမထူး ဘဝမှာ တိုက်ခိုက်ခြင်းအတတ်ပညာကလွဲပြီးကျန်တဲ့အတတ်ပညာ သူ့မှာမရှိတာကြောင့်“ကြေးစားစစ်သား” တစ်ယောက်အဖြစ် အသက်မွေးနေခဲ့ရပါတယ်သုံးပြည်ထောင်ကွဲနေတဲ့အီဂျစ်ပြည်ကြီးကိုဟိုးရပ်စ်၊ တဲလပ်စ် နဲ့ ရာမူဆန် ဆိုတဲ့ ဘုရင် ၃ ပါးက အုပ်ချုပ်နေကြပါတယ်

အကြံကြီးတဲ့ တဲလပ်စ်ဘုရင်ဟာ ရာမူဆန်ဘုရင်ရဲ့တိုင်းပြည်ကို တိုက်ခိုက်ပြီးမရဏကျမ်း(Book of Dead) ကို ရယူကာ ဟိုးရပ်စ်ဘုရင်ရဲ့တိုင်းပြည်ကိုပါသိမ်းယူဖိုအထိ ကြံရွယ်ထားသူဖြစ်ပါတယ်မြွေမြွေချင်း ခြေမြင်တဲ့ ဟိုးရပ်စ်ဘုရင်ကလည်း ကြေးစားစစ်သားကြီးမက်သားရပ်စ်အား ရာမူဆန်ရဲ့တိုင်းပြည်ကို စစ်ကူစေလွှတ်ခဲ့ပါတယ်ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါစိုလား…

image