#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ONE Friday Fight-101 ပြိုင်ပွဲတွင် အဲမွီနှင့် သွေးလင်းထက်တို့ တွဲဆိုင်းများ ပါဝင်
ဝမ်းချန်ပီယံရှစ်အဖွဲ့အစည်းမှ မတ် ၂၁ ရက်တွင် ကျင်းပမည့် ONE Friday Fight -101 ပြိုင်ပွဲတွင် မြန်မာဖိုက်တာများဖြစ်သည့် အဲမွီနှင့်သွေးလင်းထက်တို့ ပါဝင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဖိုက်တာ အဲမွီအနေဖြင့် အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး သွေးလင်းထက်အနေဖြင့် မွေထိုင်းဖိုက်တာရော့ကီ ဖြင့်ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
အဲမွီနှင့်ဂေါ်ဒွန်တို့မှာ တွဲဆိုင်းခြောက်တွဲမြောက်တွင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး သွေးလင်းထက်နှင့် ရော့ကီမှာတွဲဆိုင်းခုနစ်တွဲမြောက်တွင် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
အဲမွီနှင့် ထိပ်တိုက်တွေ့ဆုံမည့် အသက်(၁၈)နှစ်အရွယ် အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန်သည် ONEပွဲစဉ်တွင် မျက်နှာသစ်ဖိုက်တာအနေဖြင့် ပါဝင် လာခြင်းဖြစ်ပြီး Professional မွေထိုင်းပွဲစဉ်များအတွင်း ခုနစ်ပွဲထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိသေးသည့် ဖိုက်တာတစ်ဦးဖြစ်ကြောင်း သိရသည်။
