ဝမ်းဘဲအင်းကျေးရွာတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာမှ လူထိခိုက် သေဆုံးခဲ့ရ
(မှုခင်း) မတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါဘုရားမုခ်ဦးဝင်ပေါက်အနီး ရန်ကုန်-မန္တလေးကားလမ်းမတွင် မတ်လ(၁၈)ရက်နေ့၊ နံနက်(၈)နာရီခွဲအချိန်ခန့်က ယာဥ်တိုက်မှု့ဖြစ်ပွားခဲ့ရာမှ လူသေဆုံး၍ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ဖြစ်စဥ်မှာ ရန်ကုန်မြို့ဘက်မှ ယာဥ်မောင်းအောင်ကိုမင်း မောင်းနှင်လာသည့် 5S/5744 နောက်တွဲဆီဘောက်ဆာယာဥ်သည် ရန်ကုန်-မန္တလေးကားလမ်းဟောင်းအတိုင်း ဒိုက်ဦးမြို့ဘက်သို့မောင်းနင်လာစဥ် ဝမ်းဘဲအင်းကျေးရွာ ဒေးစွန်ပါဘုရားမုဒ်ဦးဝင်ပေါက်အနီးအရောက်တွင် လားရာတူရှေ့မှမောင်းနှင်လာသည့် 8E/1076 လိုက်ထရပ်ယာဥ်မှ ယာဥ်ကြောမရှင်းဘဲ လမ်း၏ဝဲဘက်ရှိ ဒေးစွန်းပါဘုရားလမ်းအတွင်းချိုးကွေ့ဝင်ရောက်စဥ် နောက်မှအရှိန်ဖြင့်မောင်းနှင်လာသော ဆီဘောက်ဆာယာဥ်နှင့် လမ်း၏အလယ်တွင်ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် လမ်းအတွင်းချိုးကွေ့ဝင်ရောက်သည့် လိုက်ထရပ်ယာဥ်သည် ဆီဘောက်ဆာယာဥ်၏အောက်တွင်ပိလျှက်ရှိကြောင်းသိရသည်။ယာဥ်တိုက်မှု့ကြောင့် လိုက်ထရပ်ယာဥ်ပေါ်ခေါင်းခန်းတွင် ယာဥ်မောင်းအပါ ကျား(၂)ဦး၊ နောက်ခန်းတွင်မ (၇)ဦး လိုက်ပါခဲ့ရာ မ(၇)ဦးအနက်မှ ဒေါ်တင်တင်ခိုင် (စိုးရိမ်ရ)အား ရန်ကုန်သို့လွှဲပြောင်းကုသလျှက်ရှိပြီး ကျန် မ(၆)ဦးမှာ မစိုးရဒဏ်ရာများရရှိခဲ့သည်။ လိုက်ထရပ်ယာဥ်မောင်းပါ ခေါင်းခန်းထဲမှ ကျား(၂)ဦးမှာ သေဆုံးသွားခဲ့ကြောင်းသိရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။




