China's 100 GHz Light-Powered Chip
တရုတ်နိုင်ငံပေကျင်းတက္ကသိုလ်နိုင်ငံတကာသုတေသနအသင်းက 100 GHz အရှိန်နှုန်းထိစွမ်းဆောင်နိုင်သော အနုမြူအလင်းဖြင့်သာ အလုပ်လုပ်သောchipအသစ်တစ်ခုကို တီထွင်နိုင်ခဲ့သည်။ယနေ့ခေတ်အီလက်ထရွန်နစ် chip များသည်အများအားဖြင့် 6GHz သာရှိသည်။
ဤchipသည်လျှပ်စစ်ဓာတ်အားအသုံးမပြုဘဲ အနုမြူအလင်း (photons) ကိုအသုံးပြု၍အလုပ်လုပ်နိုင်ပြီး သာမန်အီလက်ထရွန်နစ်chip များထက်မြန်ဆန်ခြင်းအပြင်စွမ်းအားအသုံးပြုမှုကိုလျော့ကြစေသည်။ သုတေသနအဖွဲ့သည် chipပေါ်တွင် ပြိုင်ကားလမ်းကြောင်းကဲ့သို့ အကွင်းတစ်ခုဖန်တီးထားပြီး အနုမြူအလင်းသည် ၎င်ကွင်းအတွင်းလည်ပတ်သောအချိန်ကို တိုင်းတာပြီး chip အတွက်လိုအပ်သောလုပ်ဆောင်မှုများကိုတိကျစွာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
Chipတွင်ပါရှိသော microcombသည် တစ်ခုတည်းသော အသံလွှင့်မှုများကိုသာမက ကျယ်ပြန့်သော အသံလိုင်းများကိုပါ ထုတ်ပေးနိုင်ပြီး 5G နှင့် 6G ကွန်ရက်များအတွက်hardware အဆင့်မြှင့်တင်မှုများ မလိုအပ်ဘဲ မြန်နှုန်းမြှင့်တင်မှုအပြင် ကုန်ကျစရိတ်နှင့် စွမ်းအင်သုံးစွဲမှုကိုပါလျှော့ချပေးနိုင်ပါသည်။
Chip ထောင်ပေါင်းများစွာကို wafer တစ်ချောင်းထဲတွင်ထည့်သွင်းနိုင်ခြင်းကြောင့် ယင်းနည်းပညာသည် ကွန်ပျူတာနှင့် ဆက်သွယ်ရေးစနစ်များကို ကောင်းစွာအထောက်အကူပြုနိုင်သည်ဟုသိရသည်။
