6 w - Translate

Part-4
ဤနေရာ၌ ကျွန်တော်ဗီဇအတိုင်း ဆက်လက်ဆောင်ရွက်သည်။ ကျွန်တော်သည် သူ့ကိုမေးလိုက်သည်။ “တကယ်လို့ ကျွန်တော်တို့ခေါင်း ပေါ်မှာ ရန်သူလေယာဉ်ပျံ ငါးစင်းရှိနေတယ်၊ အသံလွှင့်ရုံဘေးမှာ လေယာဉ်ပျံတစ်စင်း ရပ်ထားတယ်ဆိုရင် ခင်ဗျား အဲဒီလေယာဉ်ပေါ်တက် မှာလား” ဟု မေးလိုက်သည်။
“တက်မှာပေါ့”
“အဲဒီလိုအချိန်မှာ ခင်ဗျားစိတ်လှုပ်ရှားနေမှာလား”
“ဘယ်လှုပ်ရှားလိမ့်မလဲ”
“ဒါဆိုရင် အခု ခင်ဗျားဘာဖြစ်လို့ စိတ်လှုပ်ရှားနေတာလဲ”
“အခု ဘယ်သူတွေ နားထောင်နေလဲဆိုတာ ကျွန်တော်မှမသိတာ၊ ကျွန်တော်ကြောက်တာပေါ့”
ထို့နောက် ကျွန်တော်ဆက်မေးသည်။
“အဲဒီတော့ ခင်ဗျားကြောက်တယ်ဆိုတာဟာ ဘယ်သူတွေမှန်း မသိလို့ ကြောက်တာပေါ့”
နာမိုး ထို့နောက် ကျွန်တော်တို့ လေကြောင်းတိုက်ပွဲများအကြောင်းကို ဆက် မပြောကြဘဲ အကြောက်တရားအကြောင်းကို ဆက်လက်ဆွေးနွေးကြသည်။ ထိုအခါ သူ၏အကြောက်တရားများ ပျောက်ကွယ်သွားသည်။ ၁၀ မိနစ် အတွင်း၌ပင် သူသည် သူရဲကောင်းဖြစ်လာသည်။ လေယာဉ်ပျံသန်းသည့် အကြောင်းကို ပြောသည့်အခါ ပြဿနာမရှိပါ။ စိတ်တက်ကြွစွာပြောပြ သည်။
“ကျွန်တော့်ရဲ့ လေယာဉ်ပျံနဲ့ တိမ်တွေကို ထိုးဖောက်လိုက်တယ်၊ ကျွန်တော့်ညာဘက်ကို စောင်းကြည့်လိုက်တဲ့အခါ လေယာဉ်ပျံရဲ့တောင်ပံ ဟာ တောက်ပနေတယ်”စသည်ဖြင့် စိတ်တက်ကြွစွာပြောပြသည်။ ဤသို့ဖြင့် သန်းခေါင်ကျော်သွားပြီး သူ့အနေဖြင့် ဆက်၍ပြောကောင်း သဖြင့် ပြောနေဆဲဖြစ်သည်။

#ဆက်ရန်ရှိ

image