6 ပတ် - ဘာသာပြန်ပါ။

ဆန်းတို့စ်မှာ တဖြည်းဖြည်းနဲ့ပုံစံကောင်းတွေ ပြလာခဲ့တဲ့နေမာတစ်ယောက်ကတော့ သူ့ရဲ့အနာဂတ်အဖို့ စာမျက်နှာအသစ်တွေ ဖွင့်မယ့်ဆိုကာမှ ဒဏ်ရာတစ်ခုထပ်ရခဲ့တာပါ။
မနေ့ညကကစားခဲ့တဲ့ ဆန်းတို့စ်နဲ့ပွဲစဉ်မှာ နေမာမပါဝင်နိုင်ခဲ့တာဟာ ဒဏ်ရာအသစ်တစ်ခုကို ခံစားပြီး နေရတာကြောင့်လို့ ဆိုပါတယ်။
နေမာ က “ကံမကောင်းစွာပဲ မကြာသေးမီရက်သတ္တပတ်များအတွင်း နာကျင်မှုအချို့ကို ခံစားခဲ့ရပါတယ်... အသင်းကို တကယ်ကူညီချင်ခဲ့တယ်၊ ထို့နောက် မနက်ခင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နာကျင်မှုကို ထပ်မံခံစားခဲ့ရပါတယ်”
ဒဏ်ရာရဲ့အခြေအနေက အရမ်းဆိုးတဲ့ပုံမပေါ်တာကြောင့်တော့ နေမာရဲ့ ပရိတ်သတ်တွေအဖို့ စိတ်သက်သာရာ ရစေပေမယ့်လည်း နောက်ဆက်တွဲကိုတော့ စောင့်ကြည့်သွားရဦးမှာပါ။

image