​အစပိုင်းမှာ ရောဂါလက္ခဏာတွေက.... နုံးနေမယ် ၊ အစားအသောက်ပျက်မယ် ၊ ပိန်သွားမယ်.... အလုပ်ပင်ပန်းလို့ နုံးတာပဲလေ လို့ ထင်တတ်ကြတယ် ။ တခါတလေ အစားအသောက်ပျက်တာ ဖြစ်မှာပါ ။ ပိန်သွားတာ ကောင်းတာပေါ့ ၊ ဝ ရင် ဆီးချို သွေးတိုး နှလုံးရောဂါတွေ ဖြစ်မယ် ၊ ပိန်တာ ကျန်းမာတယ် လို့ ထင်တတ်ကြပါတယ် ။ ဒီလို ရောဂါ လက္ခဏာတွေ ပြနေပေမယ့်လည်း အများစုက အလေးမထားဘဲ လ.စ်လျူ.ရှုလိုက်ကြပါတယ်။
နောက်ပိုင်းမှာ ဗိုက်နာ လာမယ် ။ ဒါလည်း အစာအိမ် ရောဂါ ဖြစ်မှာပါ ။ ဒီလို ထင်ကြတယ် ။
ပန်ကရိယ ခေါ.င်းမှာ က.င်ဆာ ဖြစ်ရင် သ.ည်းခြေလမ်းကြောင်းကို သွားပိတ်တဲ့ အတွက် မျက်စိဝါမယ် ၊ အသားဝါမယ် ။ လူနာက ပျို့.ချင် အ.န်ချင်မယ်။
တချို့က.. ဝမ်းလျှောမယ် ၊ ဝမ်းသွားတဲ့အခါ အ.ဆီတွေပါမယ် ၊ ကျော.ကုန်း နာမယ် ။
ဒီလက္ခဏာတွေပေါ်လာရင် လျစ်လျူမရှုဘဲ အလေးအနက် ထားရမှာ ဖြစ်ပါတယ်။
ပန်ကရိက.င်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့....
၃၀% က ဆေးလိပ်သောက်လို့ ဖြစ်တာပါ။
၂၀% က အစားအသောက်နဲ့ ဆိုင်ပါတယ် ။ အဆီများတဲ့ အစာ ၊ ဝက်အူချောင်းလို ပြုပြင်ထားတဲ့ အစာ ၊ အချိုများတဲ့ အစာတွေ က ဒီက.င်ဆာရောဂါကို ဖြစ်စေပါတယ် ။
ထိုင်ဝမ် သုတေသန တစ်ခုက... ကြွ.က်တွေကို အုပ်စု နှစ်ခုခွဲပြီး တစ်စုကို သကြားများတဲ့ အစာတွေ ချည်းကျွေးပါတယ် ။ ရက်သတ္တပတ် ၂၀ အကြာမှာ ဒီကြွက်တွေကို စစ်ဆေးကြည့်တဲ့အခါ အချိုကျွေးတဲ့ ကြွက်တွေရဲ့ ပန်ကရိယမှာ DNA မှာပြောင်းလဲမှုတွေ ဖြစ်ပြီး အဲဒီကမှ က.င်ဆာဆဲလ် အဖြစ် ပြောင်းလဲနေတာကို တွေ့ရှိရပါတယ်။
အခု ၅ နှစ်အတွင်း ထိုင်ဝမ်မှာ ပန်ကရိယက.င်ဆာ ဖြစ်ပွားမှုနှုန်း တက်လာခြင်းမှာလည်း လူတွေရဲ့ အချိုစားသုံးမှု များလာခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်များက ပြောကြပါတယ်။
အရ.က်သောက်ခြင်းကလည်း pancreatitis ပန်ကရိယကို ရော.င်ရ.မ်းစေပြီး ပန်ကရိယက.င်ဆာ ဖြစ်ပွားမှုကို တိုးပွားစေပါတယ်။
မျိုးရိုးဗီဇကြောင့် ပန်ကရိယက.င်ဆာ ဖြစ်တာ ၁၀% လောက် ရှိပါတယ်။ မိသားစုထဲမှာ ပန်ကရိယက.င်ဆာ ဖြစ်ဖူးသူတယောက်ရှိပါက မိမိမှာ ဖြစ်နိုင်ခြေ ၃-၅ ဆ လောက် တက်လာပါတယ် ။
၃၆% လူနာတွေကတော့ ဘာကြောင့်မှန်းမသိဘဲ အကြောင်းရင်း ကိုရှာလို့ မရပါဘူး ။ ဆေး.လိပ် ၊အရ.က် မသောက်ဘူး ၊ အစားအသောက်လဲ ပုံမှန်ပဲ ၊ ဘာကြောင့် ဒီရောဂါ ဖြစ်လဲ မသိဘူး ။ တချို့က ယူဆတာက stress စိတ်ဖိစီးမှုများလို့ ထင်ကြပါတယ်။
တချို့ရောဂါတွေရှိရင် ပန်ကရိယက.င်ဆာဖြစ်ဖို့ များတာတွေ့ရှိရပါတယ် ။
1. ဆီးချို သွေးချိုရောဂါ diabetes mallitus
2. အဝလွန်ခြင်း
3. ပန်ကရိယ တွင်ရေအိတ်များရှိခြင်း pancreatic cyst
4. နာတာရှည်ပန်ကရိယရောင်ရမ်းခြင်း chronic pancreatitis
ဒီရောဂါတွေရှိရင် ပန်ကရိယကင်ဆာဖြစ်ဖို့ တခြားလူထက် ပိုများပါတယ်။
အမေရိကန် မှ ပညာရှင်တစ်ဦးက တွေ့ရှိရာမှာ...
ပန်ကရိယက.င်ဆာ မဖြစ်ခင် ၂ နှစ်ခွဲမှ တနှစ်ခွဲကြားမှာ အဲဒီလူရဲ့ 6သွးတွင်း သကြားဓာတ်က bl.ood sugar level မြင့်နေပါတယ် ။ ဆီးချိုရောဂါလောက် မမြင့်ပေမယ့်ပုံမှန်ထက် ပိုမြင့် ပါတယ်။ တဖြည်းဖြည်း မြင့်လာပါတယ် ။ ကိုယ်အပူချိန်ကလည်း တက်လာပါတယ်။
ပန်ကရိယက.င်ဆာမဖြစ်ခင် တနှစ်ခွဲက နေ ခြောက်လအတွင်းမှာ 6သွးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ် ။ ကိုယ်လက်စထရော စတဲ့ 6သွးတွင်း အဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာတယ်။ ကိုယ်အလေးချိန်က ကျမသွားဘူး။
ပန်ကရိယက.င်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ 6သွးတွင်း အဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။
6သွးတွင်းအချိုဓာတ် bl.ood glucose levels တဖြည်းဖြည်း တက်လာပြီး အကြောင်းထူး မရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန်ကျသွားရင် အထူး သတိထားဖို့ ကောင်းပါတယ်။
ပန်ကရိယ က.င်ဆာကို ကုသခြင်းထက် ကြိုတင် ကာကွယ်ရေးက ပို အရေးကြီးပါတယ်။
1.ဆေးလိပ်ဖြ.တ်ပါ။
2.အရ.က်အလွ.န်အ.ကျွံသောက်ခြင်း ၊ အချို.ရည် အလွ.န်အ.ကျွံ သောက်ခြင်းမှရှော.င်ကျ.ဉ်ပါ။
3.ပြုပြင်ထားသော အသားများ၊ အသားက.င်များ လျှော့စားပါ။
4.သန့်ရှင်း လတ်ဆပ်သော အသီးအနှံ၊ အရွက်များ စားပေးပါ။
5.အသက် ၅၀ ကျော်ရင် 6သွးတွင်းအချိုဓာတ် bl.ood glucose levels ကို အမြဲတိုင်းပါ။
6သွးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ် ၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ် ဆိုရင် အထူးဂရုစိုက်ရပါမယ်။
#ကင်ဆာ
#အကင်
#ဘီယာ
#ဆေးလိပ်
#bubbletea
#ဂရုစိုက်ကြပါ

image