က.င်ဆာတို့၏ဘုရင်
က.င်ဆာတွေထဲမှာ အ.ဆိုးဆုံးက.င်ဆာကတော့ pancreatic cancer ပန်ကရိယက.င်ဆာ (မုန့်ချိုအိတ်ကင်ဆာ) ဖြစ်ပါတယ် ။ ဒီရောဂါ ဖြစ်ပြီဆိုရင် - များသောအားဖြင့် ၂လ မှ ၆လ လောက်ပဲ အသက်ရှင်ပါတယ် ။ ဒါကြောင့် က.င်ဆာဘုရင်လို့ ခေါ်ပါတယ်။
ကမ္ဘာပေါ်မှာ နာမည်ကြီး မင်းသားမင်းသမီး ၊ နိုင်ငံရေးသမား များဒီရောဂါကြောင့် ဆုံးပါးသွားကြသူများရှိရာ အိုင်ဖုန်း၊ အိုင်ပတ် ၊Apple တည်ထောင်သူ SteveJobs မှာ လူသိများပါတယ် ။ မြန်မာပြည်က အဆိုတော် ခိုင်ထူးဟာ ဒီရောဂါနဲ့ ဆုံးပါးတာ ဖြစ်ပါတယ် ။
ဒီကင်ဆာရောဂါဖြစ်နေတာကို စောစောစီးစီး မသိကြပါဘူး။ များသောအားဖြင့် ဗိုက်နာရင် ၊ ဗိုက်မကောင်းရင် .. ဗိုက်ကို အာထရာဆောင်း လုပ်ကြည့်တယ်။ ပန်ကရိယက အစာအိမ်ရဲ့ အနောက်ဖက် မှာရှိပြီး သူ့ရှေ့မှာ တခြား အင်္ဂါတွေ ရှိနေတာမို့ အာထရာဆောင်းနဲ့ ကြည့်ရင် ကောင်းကောင်း မမြင်ရပါဘူး။ အာထရာဆောင်းနဲ့ တွေ့တဲ့အချိန်မှာ ကင်ဆာ အလုံးက တော်တော် ကြီးနေပါပြီ။ 5-7cm အရွယ် လောက်ကြီးမှ တွေ့တာ များပါတယ်။ အဲဒီအချိန်မှာ ဘေးမှာရှိတဲ့ အင်္ဂါတွေဆီကို ပြန့်နှံ့နေပြီး အချို့က အဝေးက အင်္ဂါတွေဆီလည်း က.င်ဆာဆဲလ်တွေက ပြန့်နေပြီ ဖြစ်ပါတယ် ။
အစောပိုင်းမှာ ဒီက.င်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ က.င်ဆာ ဖြစ်နေရင် လူနာက ဗိုက်နာပါတယ် ။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ် ၊ အစာအိမ်ရောဂါ ဖြစ်တယ် လို့ ဆရာဝန်တွေက ထင်ကြပါတယ် ။ အစာမကြေတာ၊ အစာအိမ်ရောင်တာ ၊ အစာအိမ် အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ် ။ ဒီရောဂါတွေကလည်း အဖြစ်များတယ်လေ။ အစာအိမ်ဆေးတွေ ပေးပြီး ကုသတဲ့အခါ ဗိုက်နာတာကို သက်သာတယ်ဆိုတာ တွေ့ရှိရတယ်။ အနောက်နိုင်ငံမှာ ပန်ကရိယက.င်ဆာ ဖြစ်နေသူတွေကို စ.စ်တမ်းကောက်ကြည့်တဲ့အခါ... ပန်ကရိယက.င်ဆာလို့ မသိခင်မှာ လူနာတွေဟာ ဆရာဝန်ဆီသွားပြတာ ၁၈ ခေါက်ထက် မနည်းရှိပြီလို့ ဆိုပါတယ် ။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယက.င်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့ အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။
ပန်ကရိယက.င်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲ..စိ.တ်ကုသခြင်းပါပဲ ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့ အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့ အတွက် လူနာ ၈၀% က ခွဲ.စိ.တ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီ.မိုဆေး.သွ.င်းခြင်း ၊ ဓာ.တ်က.င်ခြင်း တွေကလည်း ပန်ကရိယက.င်ဆာ အပေါ် ထိရောက်မှု မရှိပါဘူး ။ အခြား ကုသနည်းတွေ ၊ ဆေးဝါး အသစ်တွေ ကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။
#ဆက်ရန်
