6 ပတ် - ဘာသာပြန်ပါ။

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဟားမတ်စ်ပြောကြား
*********************
(နိုင်ငံတကာ) မတ်လ ၁၀
ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် စတင်ဆောင်ရွက်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာပစ္စည်းများ ဝင်ရောက်ခွင့်ပြုရန်လိုအပ်ကြောင်း ဟားမတ်စ်အဖွဲ့က မတ်လ ၉ ရက်တွင် ပြောကြားသည်။

ကိုင်ရိုတွင် ဟားမတ်စ်အဖွဲ့နှင့် အီဂျစ်တာဝန်ရှိသူများအကြား အပစ်အခတ် ရပ်စဲရေး ဆောင်ရွက် ရန်နှင့် ဓားစာခံများကို အသုတ်လိုက်လဲလှယ်ရန် ဆွေးနွေးခဲ့ကြကြောင်း ဟားမတ်စ်အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

ဒုတိယအဆင့်အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် စခန်းများဖွင့်လှစ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများ ဝင်ရောက်ခွင့်ပြုရေးတို့ကို ချက်ချင်းဆောင် ရွက်ရန် ဟားမတ်စ် အဖွဲ့က ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။

အဆင့်သုံးဆင့်ပါဝင်သည့် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်သည် ဇန်နဝါရီလ ၁၉ ရက် တွင် စတင်ဆောင်ရွက်ခဲ့ပြီးနောက် လက်ရှိအချိန် တွင် ဒုတိယအဆင့် ဆောင်ရွက်ရန် တန့်နေခဲ့သည်။

အပစ် အခတ် ရပ်စဲရေးကြားဝင်စေ့စပ်ညှိနှိုင်းသည့် အီဂျစ်နိုင်ငံသည် ဂါဇာဒေသ တွင် ရေရှည်တည်တံ့သည့် အပစ်အခတ် ရပ်စဲရေးရရှိရန်နှင့်ဒေသခံများကို မရွှေ့ပြောင်းစေဘဲ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် အာရပ် ထိပ်သီးညီလာခံတွင် အမေရိကန်ဒေါ်လာ ၅၃ ဘီလီယံကုန်ကျမည့် ဂါဇာဒေသပြန်လည်တည်ဆောက်ရေး အစီအမံကို တင်ပြခဲ့သည်။

အစ္စရေးသည် ဟားမတ်စ်အဖွဲ့အား ဖိအားပေးရေးနှင့် ပထမအဆင့် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရေးအတွက် မတ်လအစောပိုင်းတွင် ဂါဇာဒေသသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ ဝင်ရောက်ခွင့်ပိတ်ပင်သည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

image