အသားမြန်မြန်ကြည်ပြီး အမဲစက် နေလောင်တာတွေ သက်သာချင်တယ်ဆိုရင် Coffee Scrub တိုက်ပါ☕️
Coffee က သောက်ရုံတင်မဟုတ်ဘူးနော်။ အသားအရေအတွက်လဲ ကောင်းကျိုးအများကြီးရှိပါတယ်။
- အရေပြားရောင်ရမ်းမှုကို သက်သာစေတယ်
- Aging signs တွေကို လျှော့ချပေးတယ်
- အမဲစက်နဲ့ နေလောင်တာတွေ ကုသပေးတယ်
- Exfoliator တခုအနေနဲ့ လုပ်ဆောင်ပါတယ်
ဒီလိုမျိုး အာနိသင်ကောင်းတွေ ပေးနိုင်လို့လဲ body scrubs တွေမှာ မပါမဖြစ် coffee scrub ဆိုပြီး ဖြစ်တည်နေတာပေါ့နော်။
Coffee scrub ဆိုပြီး နာမည်ရလာတာနဲ့ အိမ်တွင်းနည်းလမ်းတွေမှာ ကော်ဖီမှုန့်တွေကို သကြား ဆား စတာတွေနဲ့ ရောနှောပြီး scrub တိုက်တဲ့နေရာမှာ အသုံးပြုလာကြတယ်။ အဲ့ဒါက အလုပ်မဖြစ်ဘူးလားဆို ဖြစ်ပါတယ် ဒါပေမဲ့ မီးဖိုချောင်က ကုန်ကြမ်းပစ္စည်းတွေကို သုံးတာကြောင့် လုပ်ဆောင်မှုအဆင့်ဆင့်မှာ ပိုးဝင်နိုင်ခြေ infection risk အရမ်းများပါတယ်။ မျက်နှာမှာလိမ်းသလောက်တော့ risk မကြီးတာမှန်ပေမယ့် scrub ဆိုတဲ့ သဘောသဘာဝက အသားအရေရဲ့အပေါ်ယံအလွှာကို ပွတ်တိုက်တာဖြစ်တဲ့အတွက် အလွယ်တကူပွန်းပဲ့ ဒဏ်ရာရတတ်ပါတယ်။ အဲ့ဒီ skin abrasion ကနေတဆင့် မသန့်စင်တဲ့ body scrub နဲ့ထိတွေ့တဲ့အခါ မလိုလားအပ်တဲ့ အရေပြားပြဿနာမျိုးတွေ ကြုံနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ Nyi ကတော့ မသုံးရင်လဲမသုံးဘူး သုံးရင်လဲ အရန်သင့်လုပ်ပြီးသား coffee scrub ကိုသာ သုံးပေးပါတယ်။
Coffee scrub ထဲမှာဆိုရင် MT Beauty coffee scrub လေး တော်တော်ကြိုက်မိတယ်။ အဓိက သူ့ကိုသဘောကျရခြင်းက သူ့ texture က body scrub တွေမှာ Nyi သဘောကျတဲ့ပုံစံမျိုးပဲ။ ကြမ်းတဲ့ဘက်လဲ မသွားဘူး၊ နုလွန်းပြီး မထိရောက်တာမျိုးလဲ မဟုတ်ဘူး။ အလယ်အလတ် texture လေးနဲ့ အသားအရေပေါ်မှာ နူးညံ့ထိမိတယ်။ ပွန်းတာပဲ့တာ ပြဲတာနာကြင်တာမျိုးတွေ မဖြစ်ဘူး။ Coffee နံ့လေးလဲ သင်းနေတာပဲ။ အရမ်း relax ဖြစ်တယ်။
နောက်ထပ်အားသာချက်က သူ့ထဲမှာတင် shower effect ပါပြီးသားမလို့ shower သပ်သပ်မကုန်တော့ဘူး။ တခုထဲနဲ့ ပွဲသိမ်းရော။ Shower အရင်သုံးရမလား? Scrub အရင်တိုက်ရမလား? ဆိုတဲ့ပြဿနာလဲ မရှိတော့ဘူး။ အမြုပ်သေချာထွက်ပြီး သုံးပြီးသွားရင်လဲ ချွဲစီစီမကျန်ပါဘူး။ အသားခြောက်တာ ကြမ်းတာမျိုးလဲ သူ့ finish မှာ မတွေ့ရဘူး။ ပုံမှန်သုံးနေကျ scrub တွေလို ချောချောမွေ့မွေ့လေးနဲ့ နူးနူးညံ့ညံ့လေးဖြစ်သွားစေတယ်ပေါ့နော်။
Result အနေနဲ့တော့ instant result ကို Nyi တွေ့ရပါတယ်။ သုံးပြီးရေဆေးချလိုက်ရင် အသားအရေလေးက ကြည်ရှင်းဝင်းပြီး နူးညံ့ချောမွေ့သွားတယ်။ Coffee scrub က နေလောင်တာအတွက် အဓိကကောင်းတော့ Nyi က သူ့ကို နေလောင်ပြီး အသားမညီဖြစ်နေတဲ့ ခြေဖမိုး လက်ဖမိုးနေရာတွေကို သုံးပေးဖြစ်တယ်။ အသားအရေညီညာလာတာ အမဲစက်တွေ လျော့သွားတာ သိသိသာသာပါပဲ။ အရေပြားမှာ ဗြုတ်စိလေးတွေ ဖြစ်နေတာအတွက်လဲ သူကကောင်းတယ်။ တခါနှစ်ခါလောက် သုံးပြီးတဲ့အခါ အဆံထွက်ပြီး ချောမွေ့သွားတာမျိုး မြင်ရပါတယ်။
Body scrub ထဲမှာ Nyi ဒီ MT Beauty coffee scrub လေးကို recommend ပေးပါတယ်။ အသားအရေက မညီမညာဖြစ်နေရင်၊ နေလောင်ထားပြီး မဲညစ်နေရင်၊ ဗြုတ်စိလေးတွေထပြီး ကြမ်းတမ်းမွဲခြောက်နေရင် သုံးကြည့်ပါခင်ဗျာ။ ခုဆောင်းရာသီမှာ တပတ်ကိုတကြိမ်သုံးဖို့ recommend လုပ်ပါတယ်။ နွေရာသီရောက်ရင် တပတ် 2ကြိမ် သုံးနိုင်ပါတယ်နော်။
Disclaimer : Collaboration with MT Beauty
#mtbeauty #mtbeautycoffeescrub
#reviewbynyi #nyipick #nyipickbodycare
#crd


