ငါအဲ့အစ်မကိုပြောခဲ့ဖူးသလိုပေါ့
“ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးတစ်ခုကြားထဲကို သံသယ ဆိုတဲ့ အဆိပ်ကလေး ရအောင် ခတ်နိုင်ခဲ့တာ အစ်မ သိပ်တော်ပါတယ် “
တကယ်တော့လေ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးဆိုတာ ယုံကြည်မှုနဲ့သွားရတာ တစ်ယောက်
အပေါ်တစ်ယောက် ယုံကြည်မှုပျက်စီးသွားပြီ
ဆိုရင် ပြီးသွားပြီ အဲ့ဒီဆက်ဆံရေးက ….
တစ်ခါတလေ လူတွေဟာ ချစ်ခြင်းမေတ္တာကို
သူတို့စိတ်ကျေနပ်ဖို့ နွယ်မြက်သစ်ပင်လေးတွေကို နင်းခြေသလိုမျိုးနင်းခြေပစ်ကြတာ …
ခံစားချက်တွေကို အသည်းနှလုံးတွေကို
ရွှံ့မြေတွေလိုမျိုး ရေရောပြီး ကြိုက်သလို ပုံသွင်းကြတာ …
မစားရတဲ့အမဲ သဲနဲ့ ပတ်တဲ့သူတွေရော ၊
အချိုကုန်မှ ထွေးထုတ်ကြတဲ့သူတွေရော ၊
လိုလဲမလိုချင် စွန့်လဲ စွန့်မပစ်နိုင်ဆိုတဲ့သူတွေရော ၊
ဘာမှန်းမသိ စတေးခဲ့ရတဲ့ဘဝတွေရော …
လူတွေဟာ တစ်ယောက်ကိုတစ်ယောက်
ခွင့်လွှတ်နိုင်လို့ အတူတူရှိနေကြတာပါ တဲ့
ဒါဆိုရင်
သူမမှားခဲ့တဲ့ ၊ သူဘာမှ မသိခဲ့တဲ့ ဖြစ်ရပ်တွေကို ဝေးရမှာကြောက်တဲ့စိတ်တစ်ခုနဲ့ ခွင့်လွှတ်ခဲ့တဲ့
လူတစ်ယောက်ရင်ထဲမှာရော ….
အဲ့ဒီလူအတွက်ကရော ….
#မယ်ညို

image