6 w - Translate

ech ကုမ္ပဏီအင်တာဗျူး ဖြေသူတွေကို AI သုံးပြီး ကူညီနေတဲ့ကျောင်းသား
ကျောင်းသားအချင်းချင်း ပရောဂျက်ရေးပေးတဲ့ အဆင့်မဟုတ်တော့ဘူး။ ထိပ်ထိပ်ကြဲ Tech ကုမ္ပဏီမှာ အလုပ်ရဖို့ Coding အင်တာဗျူးတွေပါ ဝင်ဖြေပေးတဲ့အဆင့်ပါ။
ကိုလံဘီယာတက္ကသိုလ်က ချွန်ဂင်ရွိုင်း လီဆိုတဲ့ ကျောင်းသားတစ်ယောက်က နည်းပညာကုမ္ပဏီတွေရဲ့ coding အင်တာဗျူး ဖြေသူတွေကို AI နည်းပညာနဲ့ support ပေးတဲ့ အလုပ်လုပ်နေပါတယ်။ သူအလုပ်က coiding အင်တာဗျူးတွေကို AI tool အကူအညီနဲ့ ဖြေပေးတဲ့အလုပ်ပါ။
သူထွင်ထားတဲ့ AI tool ကို Interview Coder လို့ ခေါ်ပါတယ်။ နာမည်အတိုင်း အင်တာဗျူးသမားတွေအတွက် code challenge တွေ ဖြေရှင်းပေးမယ့် tool ပါ။ သူကိုယ်တိုင် Amazon နဲ့ LeetCode အင်တာဗျူးကို ဒီ tool သုံးပြီး ဖြေပြတဲ့ YouTube ဗွီဒီယို ရှိပါတယ်။ လီလည်း Amazon ဆီက အလုပ်ခန့်စာ ရခဲ့ပါတယ်။
ဒါမျိုး အလုပ်ခန့်စာက Amazon တစ်ခုတည်းစီက မဟုတ်ပါဘူး။ Meta ၊ TikTok ၊ Captial One စတဲ့ တခြားကုမ္ပဏီကြီးတွေဆီကလည်း offer ရခဲ့တာပါ။ လီကတော့ ဘယ်ကုမ္ပဏီမှ အလုပ်ဖို့ စိတ်မဝင်စားပါဘူး။ Amazon နဲ့ အင်တာဗျူး ဗွီဒီယို နာမည်ကြီးသွားလို့ Amazon တောင် သူ့ကျောင်းကို စာပို့ပြီး အင်တာဗျူးမှာ AI သုံးပြီး cheat လုပ်တဲ့ကိစ္စ တိုင်တန်းခဲ့ဖူးပါတယ်။
နောက်တော့ Amazon လိုပဲ Meta နဲ့ Captial One တို့လည်း လီ့ကို အလုပ်ခန့်တဲ့ကိစ္စ ပြန်ရုပ်သိမ်းသွားပါတယ်။ လီကတော့ အေးဆေးပါပဲ။ သူ့ရည်ရွယ်ချက်ကိုက အလုပ်ရချင်လို့ အင်တာဗျူး ဖြေခဲ့တာ မဟုတ်ပါဘူး။ Big Tech လို့ ခေါ်တဲ့ နည်းပညာကုမ္ပဏီကြီးတွေ သုံးနေတဲ့ LeetCode ရဲ့ အားနည်းချက်ကို ရှာချင်လို့ လုပ်တာပါ။
အခုတော့ အသက် ၂၁ နှစ်အရွယ် လီဟာ သူ့အိုင်ဒီယာကို အသုံးချပြီး ထူးခြားတဲ့ စီးပွားရေးတစ်ခု လုပ်နေပါတယ်။ သူ့စီးပွားရေးက နည်းပညာကုမ္ပဏီတွေမှာ အလုပ်လျှောက်ထားပြီး အွန်လိုင်း coding အင်တာဗျူးဖြေမယ့်သူတွေကို မမြင်ကွယ်ရာကနေ AI နဲ့ real-time support အကူအညီပေးတဲ့ အလုပ်ပါ။
လစဉ်ကြေး တစ်လ ဒေါ်လာ ၆၀ ပေးရင် သုံးလို့ ရမယ့် Interview Coder လည်း အခုဆို တော်တော်အောင်မြင်လာပါတယ်။ လာမယ့် မေလလယ်ဆိုရင် သူ့ကုမ္ပဏီကနေ တစ်နှစ် ဒေါ်လာ ၁ သန်း ဝင်မယ်လို့ မှန်းထားပြီး သူ့ဆော့ဖ်ဝဲလ်ကို Video Marketing နဲ့ ရောင်းအားမြှင့်တင်ဖို့ အင်တာနက် influencers တွေပါ ငှားထားတယ်လို့ ဆိုပါတယ်။

image