အရမ်းစားကောင်းတဲ့ ဌက်ပျောပေါင်း🍌ပြုလုပ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်ခင်ဗျာ💛
-----------------------------------
ပါဝင်ပစ္စည်းများ
ရခိုင်ဌက်ပျောသီး - ၁ဖီး (မှည့်ပြီးသား)
အုန်းနို့ရည် - ၂၅၀ မီလီလီတာ
သကြား - ထမင်းစားဇွန်း ၄ဇွန်း
ဆား - အနည်းငယ်
-----------------------------------
ပြုလုပ်နည်း
၁။ ပထမဆုံးရေနွေးပွက်ပွက်ဆူအောင်တည်ထားပါ။တည်ထားသောရေဆူအိုးထဲသို့ဆားအနည်းငယ်ထည့်ပါ။ (ငှက်ပျောသီးအဖန်ဓာတ်ပျောက်စေရန်)
၂။ အခွံနွှာထားသောငှက်ပျောသီးများအားအိုးထဲသို့ထည့်၍ (၁၀)မိနစ်ခန့်အဖုံးအုပ်၍ပြုတ်ပေးပါ။ ငှက်ပျောသီးများသေချာအနှံ့ပြုတ်စေရန်ဇွန်းဖြင့်လှည့်ပေး၍ဖြည်းဖြည်းချင်းစီမွှေပေးပါ။(ငှက်ပျောသီးများမကြေစေရန်အားနှင့်မလုပ်ပဲဖြည်းညှင်းစွာမွှေပေးပါ)
၃။ ပြုတ်ထားပြီးသောငှက်ပျောသီးများအားဆယ်ယူထားလိုက်ပါ။ အိုးတစ်လုံးထဲသို့အုန်းနို့ရည် (၂၅၀ မီလီလီတာ)ထည့်ပါ။ ရေ (၅၀၀ မီလီလီတာ) နှင့် သကြား (ထမင်းစားဇွန်း ၄ဇွန်း)ထည့်ပါ။( အချိုကြိုက်လျှင်ပိုထည့်၍အချိုမကြိုက်ပါကလျှော့ထည့်နိုင်ပါသည်)
၄။ ပြုတ်ထားပြီးသောငှက်ပျောသီးများအားအိုးထဲသို့ထည့်၍အဖုံးနည်းနည်းဟ၍ပြုတ်ပေးပါ။ အိုးဆူလာလျှင်ငှက်ပျောသီးများမကြေစေရန်အသာအယာမွှေပေးပါ။
၄။ (၂၅-၃၀မိနစ်)ခန့်ကျိုပြီး အရည်များ ၃ပုံ ၁ပုံခန့်ခမ်းသွားလျှင်အပူပေးတာရပ်၍အအေးခံပြီးပါကအုန်းနို့ရည်မပျစ်မကျဲနဲ့စားလို့ကောင်းတဲ့ငှက်ပျောပေါင်းလေးကိုအဆင်သင့်ပန်းကန်ထဲသို့ထည့်၍သုံးဆောင်နိုင်ပါတယ်ခင်ဗျာ🥰
