6 w - Translate

WiFi ထက် အဆ ၁၀၀ ပိုမြန်တဲ့ LiFi
======================
pureLiFi and Solace Power က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) 2025 မှာ LINXC Bridge System လို့ ခေါ်တဲ့ ထူးခြားဆန်းသစ်တဲ့ ဆက်သွယ်ရေး နည်းပညာ အသစ် တစ်ခုကို ပြသလိုက်ပါတယ်။
LiFi နည်းပညာကို အသုံးပြုထားပြီး LINXC Bridge ဟာ Latency ကို နည်းပါးစေသလို Download Speed က 5,000 Megabits Per Second အထိ ရပါတယ်။ WiFi ထက် LiFi က အဆ ၁၀၀ လောက်ပိုမြန်ပါတယ်။ ဒေတာ ပေးပို့ဖို့အတွက် WiFi က ရေဒီယိုလှိုင်းတွေကို အသုံးပြုတာ ဖြစ်ပြီး LiFi က Light Signal တွေကို အသုံးပြုပါတယ်။
ဒီနည်းပညာမှာ Indoor Unit နဲ့ Outdoor Unit ၂ ခုကိုပဲ အသုံးပြုထားပြီး ကြိုးတွေနဲ့ ရှုပ်ရှုပ်ထွေးထွေး တပ်ဆင်စရာ မလိုပါဘူး။ တပ်ဆင်ရတာ ကုန်ကျစားရိတ်လည်း သက်သာပါတယ်။ LiFi နည်းပညာဟာ လုံခြုံရေးကောင်းတဲ့အတွက် စစ်တပ်နဲ့ အစိုးရဌာနတွေမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒီနည်းပညာမှာ LED မီးလုံးတွေကို အသုံးပြုတာ ဖြစ်တဲ့အတွက် စွမ်းအင် သုံးစွဲမှု သက်သာစေပါတယ်။
pureLiFi က အမေရိကန်မှာ ဒီနည်းပညာကို အစောဆုံး အသုံးပြုနိုင်မယ်လို့ ပြောပေမယ့် ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
ref : cnet

image