ရွှေရင်အေးလုပ်နည်း
ရွှေရင်အေး လေး အိမ်မှာလုပ်ပြီးအဝစားမယ်
ပစ္စည်းမစုံလည်းဆိုင်မှာရောင်းသလောက်နီးပါးစားကောင်းပါတယ်ရှင်
မုန့်လက်ဆောင်းဖတ်ကီလိုဝက်(သုံးဆယ်သားကျော်ကျော် )မလုပ်နိုင်တော့လို့စျေးကဝယ်လာလိုက်ပါတယ်
ကောက်ညှင်း ကတော့ဆန်ချိန်ခွက်နဲ့နှစ်ခွက်ကိုပေါင်းအိုးနဲ့ပဲချက်လိုက်တာပါ ကျွန်မကောက်ညင်းချက်နေကျနည်းလေးက ကောက်ညှင်း ကိုရေဆေးပြီးရေကိုကောက်ညှင်းဆန်နဲ့တိတိအပေါ်မကျော်စေပဲ ပေါင်းအိုးနဲ့ထမင်းချက်နေကျအတိုင်းချက် ကောက်ညှင်းလေးကကော့ပြန်နေတာပါနော်
ပြီးရင်ပေါင်မုနိ့ဆယ်ချပ်လောက်
ကျောက်ကျောကျိုဖို့အတွက်အိုးတလုံးထဲမှာရေဆန်ချိန်ခွက်နဲ့ရှစ်ခွက်လောက်ထည့် သကြားခြောက်ဇွန်းလောက် ကျောက်ကျောမုန့်ထမင်းစားဇွန်းနှစ်ဇွန်း ဆားလေးအနည်းငယ်ကိုရောဖျော်ပြီး ရေဆူအောင်ကျိုပေးပါ
ရေဆူရင် ခွက်သုံးခွက်ထဲခွဲထည့်ပြီး အရောင်လေးကတော့ကိုယ်ကြိုက်တဲ့ ဖျော်ရည်အရောင်လေးရောပြီးသမအောင်မွေပေးပြီးအအေးခံထားပါ အေးသွားရင်အုန်းသီးခြစ်တဲ့ ခြစ်တံလေးနဲ့အပေါ်ကအသာလေးဆွဲပြီးခြစ်ပေးရင်ကျောက်ကျောဖတ်လှလှလေးတွေရပါတယ်နော်
ကျွန်မကတော့အရောင်နှစ်ရောင်ယူပြီးကျန်တဲ့တခွက်ကိုအုန်းနို့လေးနည်းနည်းထပ်ရောပြီး အုန်းနို့ကျောက်ကျောလေးလုပ်လိုက်ပါတယ်
ကျောက်ကျောမဲကလည်းအရင်နေ့ကလုပ်ထားပြီးသားလေးကျန်တာကိုသုံးထားတာပါ
အုန်းနို့ရည်အတွက် အုန်းနို့500mlတဗူးကို ရေဆန်ချိန်ခွက်နဲ့တခွက်လောက်ထပ်ရောလိုက်ပြီးသကြားငါးဇွန်းလောက်နဲ့ဆားလေးနည်းနည်းထည့်ပြီးကျိုပေးပါ
သာကူကတော့မထည့်ဖြစ်တော့ဘူး
သာကူထည့်ချင်ရင်သာကူကိုရေဆေးပြီးပြုတ်ပြီးတာနဲ့ရေလေးနဲ့ဆေးချရေစစ်ထားပါနော်
ရှစ်ယောက်စာလောက်ရတယ်ရှင်
ပြီးရင်ပါဝင်ပစ္စည်းလေးတွေအားလုံးထည့်အုန်းနို့လေးထည်းရေခဲလေးထည့် ရွှေရင်ကိုအေးသွားစေမဲ့ရွှေရင်အေးလေးရပါပြီ
Crd
