လူတွေရဲ့ ကျူးကျော်မှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် တိရစ္ဆာန်လေးတွေရဲ့ ပိုင်နက်မြေက တစ်နေ့ထက်တစ်နေ့ကျဉ်းမြောင်းလာပါတယ်။
A Turtle’s Tale: Sammy’s Adventures (201
အဲဒီလိုပဲ စက်ရုံတွေတည်ဆောက်တာ၊ အမှိုက်တွေ စွန့်ပစ်တာကြောင့် Global warming ဖြစ်လာပြီး ကုန်းနေ၊ ရေနေတိရစ္ဆာန်လေးတွေရဲ့ဘဝကို ထိခိုက်နေပြန်ပါတယ်။ အဲဒီလိုနဲ့ နောက်ပိုင်းမှာ လူသားတွေက ကိုယ့်လုပ်ရပ်ကိုယ် သိရှိလာပြီး ပြုပြင်ထိန်းသိမ်းမှုတွေလုပ်တာလည်း ရှိလာပါတယ်။ “လူသားတွေက ထူးဆန်းတယ်။ တချိုက ရှင်းလင်းသုတ်သင်နေချိန်မှာ တချိုကတော့ အမှိုက်ဖွနေတုန်းပဲ”တဲ့။ ဘယ်လိုပဲဆိုပါစေ လူသားနဲ့တိရစ္ဆာန် အတူယှဉ်တွဲနေထိုင်ရတဲ့လောကကြီးမှာ အချင်းချင်း ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ ဒီကားလေးမှာတော့ ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ အကောင်ပေါက်တဲ့အချိန်ကစလို့ လောကဓံတရားတွေကို ရင်ဆိုင်ရတာတွေ၊ သူငယ်ချင်း ချစ်မေတ္တာအပြင် ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာဖွေတွေ့ရှိမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။
💙❤️🔥ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+nqhhs6tGKeRjZjA1
💙❤️🔥ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2088510221/1606
