6 ပတ် - ဘာသာပြန်ပါ။

TNLA နဲ့ KIA အချင်းများနေတဲ့ ကွတ်ခိုင်မှာ မူးယစ်ဆေးသုံးစွဲသူများပြားလာ
*******************
(ပြည်တွင်း) မတ်လ ၁၀
တအောင်းပလောင်အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ TNLA နဲ့ ကချင်သောင်းကျန်းသူ KIA တို့အချင်းများနေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကွတ်ခိုင်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ်နဲ့ မိုင်းယော်မြို့နယ်တို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၀၀ နီးပါးရှိနေတယ်လို့ဒေသခံတွေကပြောဆိုထားပြီး အခုအရေအတွက်ဟာ အရပ်သားသုံးမှုတွေသာဖြစ်ပြီး လက်နက်ကိုင်သုံးစွဲမှုတွေမပါဝင်သေးဘူးလို့ လည်းပြောပါတယ်။

TNLA နဲ့ KIA တွေဟာ ဒေသတွင်းက မူးယစ်ဆေးဝါးသုံးစွဲသူတွေဖမ်းဆီးပြီး ရှေ့တန်းစခန်းတွေကိုပို့ဆောင်နေတာတွေလုပ်ဆောင်နေပေမယ့်အဖွဲ့အတွင်းမှာတော့ မူးယစ်ဆေးဝါးအမြောက်အများသုံးစွဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။၊

၂၀၂၄ခုနှစ် တစ်နှစ်အတွင်း TNLA ထိန်းချုပ်ရာဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးရှိခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။

image