6 ပတ် - ဘာသာပြန်ပါ။

Apple ဟာ လာမယ့် 2026 နှစ်လည်ပိုင်းမှာ Foldable ဖုန်းတွေကို မိတ်ဆက်သွားနိုင်ဖို့ စီစဉ်နေတာကို မနှစ်ကတည်းက သတင်းတွေထွက်နေတာပါ။ အခုလည်း ထပ်ထွက်လာပြန်ပါပြီ။
ဒီတစ်ခေါက်မှာတော့ Apple နဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming Chi Kuo ဆိုသူက Apple ဟာ 2026 နှစ်လည်ပိုင်းလောက်မှာ ခေါက်ဖုန်းကို မိတ်ဆက်လာနိုင်ခြေရှိတယ်ဆိုပြီး ဖော်ပြလာတာပါ။

ပြောထားတဲ့ပုံစံအရတော့ အပြင်ဘက် Screen Size က 5.5” အကျယ်ရှိပြီး အတွင်းဘက်ကတော့ 7.8” ရှိနိုင်ပါမယ်။ ဖုန်းရဲ့ ဘော်ဒီနဲ့ ခေါက်နိုင်တဲ့ ပတ္တာတို့ကို stainless steel , titanium တို့နဲ့ဖန်တီးထားမှာပါ။ ခေါက်ထားရင် 9-9mm ရှိမှာဖြစ်ပြီး ဖြန့်ထားရင်တော့ 4.5-4.8mm အထိ ရှိမှာပါ။ ဒါ့အပြင် ဖုန်းရဲ့အထူကို ပါးစေဖို့အတွက် Face ID မပါပဲ Touch ID ကိုသာ သုံးသွားနိုင်တယ်လို့လည်း ဆိုပါတယ်။

image