6 w - Translate

WWDC မှာ Apple ကနေ iOS 18 မှာ Apple Intelligence နဲ့ ချိတ်ဆက်သွားမယ့် Siri အသစ်အကြောင်း ရှယ်ပြောခဲ့သမျှ အခုတော့ iOS 18 မပြောနဲ့ iOS 19 မှာတောင် ရောက်လာဖို့ ခပ်ရေးရေးဖြစ်နေပါပြီ။ Apple Intelligence ကို iOS 18 နဲ့အတူ မိတ်ဆက်ခဲ့ပေမဲ့ တကယ်တမ်းကျ iOS 18.1 ကျမှ ထည့်ပေးလာတာပါ။ ဒါတောင် Feature ၁ ခုချင်း ၂ ခုချင်းလိုမျိုးလေးတွေသာ ပါလာခဲ့တာ။ အခုဆို iOS 18.3 အထိပေါ့။ အရင်လတုန်းကတော့ Siri အသစ်ကို ဧပြီမှာ ထွက်လာမယ့် iOS 18.4 မှာ ထည့်လာဖို့ ဘာညာသတင်းထွက်ခဲ့သေးတယ်။ Tipster နဲ့ Leaker အချို့ကလည်း အလွန်ဆုံး iOS 18.5 မှာ ရောက်လာနိုင်ပါတယ်လို့လည်း ဆိုခဲ့သေးတာပါ။ အခုတော့ Apple ဘက်ကနေ Siri အသစ်ကို “In the Coming year” လို့ ပြောချလာပါတော့တယ်။ Apple ဘက်ကနေ “ Siri အသစ်နဲ့ပတ်သက်ပြီး feature တွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့ ကျွန်ုပ်တို့ မျှော်မှန်းထားတာထက် ပိုကြာမယ့်အပြင် လာမယ့်နှစ်အတွင်းမှာ ဒီ feature တွေကို ဖြန့်ချီဖို့ မျှော်လင့်ထားပါတယ်" လို့ ဆိုလာတာပါ။

ဆိုတော့ Siri အသစ်မျှော်နေသူများ (မျှော်နေကြတဲ့သူတွေတောင်ရှိပါ့မလားပဲ) စိတ်မကောင်းစွာပဲ နောက်နှစ်အထိ ထပ်မျှော်ကြရအောင်ပါခင်ဗျာ....

image