6 ပတ် - ဘာသာပြန်ပါ။

သမီးလေးရဲ့ ၂၁ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် သူမရဲ့ ၃ ထပ်အိမ်အသစ်ကြီးဆီကို ပြောင်းရွှေ့ခဲ့တဲ့ မေကဗျာ 🥰

သရုပ်ဆောင် မေကဗျာက သူမရဲ့ သမီးလေး အသက် ၂၁ နှစ်ပြည့် မွေးနေ့အဖြစ် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ မတ်လ ၈ ရက်နေ့ဟာ သူမရဲ့ ဘဝမှာ သမီးလေးရောက်လာခဲ့တဲ့ အမှတ်တရနေ့တွေထဲက တစ်ရက်ဖြစ်ပြီးတော့ ဒီနေ့လေးမှာပဲ သမီးလေးရဲ့မွေးနေ့အမှတ်တရအဖြစ် သူမရဲ့ ဆောက်နေတဲ့ ၃ ထပ်အိမ်အသစ်ကြီးဆီသို့ပြောင်းရွှေ့ခဲ့တာပါ။ မေကဗျာက သူမရဲ့ အိမ်က ဆောက်နေဆဲ မပြီးပြတ်သေးပေမယ့် ဒီလို အမှတ်တရနေ့လေးမှာ အိမ်သစ်တက်ချင်ခဲ့လို့ အတင်းပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မေကဗျာဟာ ဒီအိမ်ကြီးဖြစ်လာဖို့ အများကြီးကြိုးစားခဲ့ရတယ်လို့ ပြောပါတယ်။

#celenews

image