❛ ခင်ခင်ပျိုရေ ခေတ်အဆက်ဆက်မေတ္တာဖြင့် ❜
ငါ့ကို မျက်မှန်တပ်လိုက်ရင်
သူ့ကို မျက်မှန်ချွတ်လိုက်ရင်
ငါတို့နှစ်ယောက်ဟာ
တူလွန်းလေစွ။
မင်းနဲ့ငါ
တူလွန်းလေစွ။
ပါလာသည့်ကောင်းမှု၊ မကောင်းမှု
တူလွန်းလေစွ။
ဒါကြောင့်သာ ဒီသံသရာမှာ
ငါတို့ ဆုံတွေ့ခဲ့ကြ။
ဆုံတွေ့ဖို့
တကယ်လိုခဲ့ကြ။
ခင်ခင်ပျိုရေ
ငါတို့ တူလွန်းလေစွ။
အခက်အခဲတွေ
ခက်ခဲခဲ့ကြ။
တကယ်မခက်ဘဲ
ခက်ခဲခဲ့ကြ။
တကယ်ခက်၍လည်း
ခက်ခဲခဲ့ကြ။
အဲဒီမှာ ခင်ခင်ပျိုရေ
ငါ စောင့်ခဲ့တယ် ။ ။
▫️အောင်ချိမ့်▫️
_ _ _ _ _ _ _
