#မေ့ဧည့်သည်
===========
လောကမှာ လူ့အဖွဲ့အစည်းဆိုတာ အရေးပါတဲ့
အခြေခံဆက်နွှယ်ပတ်သက်မှုတွေနဲ့ ဖွဲ့စည်းထားတာ
ဖြစ်ပါတယ်။အဲဒါတွေကို အခြေခံပြီးမှ လူ့ယဉ်ကျေးမှု၊လူ့ကျင့်ဝတ်တွေရယ်လို့ ဖြစ်တည်ထွန်းကားလာကြရတာပါ။
ဒီနေရာမှာ ရှောင်လွှဲလို့မရတဲ့ ပတ်သက်မှုတွေအဖြစ်.....
မိဘနဲ့သားသမီး၊ဇနီးနဲ့ခင်ပွန်း၊ဆွေမျိုးမိတ်ဆွေ..စသဖြင့်။ဒီပတ်သက်မှုတွေက တယောက်က တစ်စုံတစ်ခုဖြစ်ရင် နောက်တစ်ယောက်က
ကိုယ်နဲ့မဆိုင်ပါဘူးလို့ ငြင်းကွယ်ရှောင်လွဲလို့ မရလောက်အောင် ဆက်နွယ်ထားသူတွေ ဖြစ်ပါတယ်။
ဒါဟာလည်း #သမ္မုတိသစ္စာ ရှုထောင့်ကနေဆိုရင် လောကသဘဝရဲ့ သစ္စာတရားပါပဲ။
လူ့ပြည်လူ့လောကထဲမှာ ဒီလောကကျင့်ဝတ်တွေကို #ဆိုရွားစွာ ဖောက်ဖျက်ကျူးလွန်ကြသူတွေကို
ကျွန်ုပ်တို့အနေနဲ့ များစွာကြုံဖူး၊ကြားဖူးကြတာပဲ။
...မိဘအပေါ်မှာ ရိုင်းစိုင်းရက်စက်နိုင်ကြတဲ့ သားသမီးတွေ၊ဇနီးခင်ပွန်း အချင်းချင်း သစ္စာပျက်ပြား မှောက်မှားကြသူတွေ၊ဆွေမျိုးမိတ်ဆွေချင်း အပေါ်မှာ ယုတ်မာလှည့်ဖြား အောက်တန်းကျတဲ့သူတွေ စသည်အားဖြင့် လူ့လောကမှာ မနည်းမနော ရှိကြပါတယ်။
ပထမဦးဆုံး...ဒီလူတွေ ဘယ်လို စိတ်ကူးခံစားချက်နဲ့ ဒီလိုတွေ #လုပ်ရက်နိုင်ကြတာလဲလို့ စဉ်းစားကြည့်။ဒီလူတွေဟာ ကိုယ့်ဘဝကိုယ် #ဧည့်သည် ဆိုတဲ့အသိ ပျောက်သွားလို့ပဲပေါ့။တနည်းအားဖြင့် အဖြစ်မှန်ကို မေ့သွားလို့ပဲ။
နောက်ပြီးတော့....
လူ့အသိုက်အဝန်းမှာ အံ့သြစရာ ကောင်းလောက်အောင် ကောက်ကျစ်ယုတ်မာပြီး အောက်တန်းစား
လုပ်ရပ်တွေကို ပြုလုပ်ရက်ကြသူတွေရှိတယ်။
လူလို့ခေါ်လောက်စရာ ဂုဏ်ကျက်သရေတွေက
များစွာညှိုးနွမ်းနေသူလည်း ရှိကြတာပဲ။
တချို့တွေ...
#ရုပ်ရည်လေးတွေနဲ့ မလိုက်ဖက်လောက်အောင်...
တချို့တွေ..
#ဘဝအခြေအနေနဲ့ မလိုက်ဖက်လောက်အောင်ပေါ့.
.....ကိုယ်ကျင့်သိက္ခာနဲ့ စိတ်နေသဘောထား....
#ပျက်ယွင်းနိမ့်ကျ နေသူတွေရှိတယ်။
....ဒီလိုလူတွေဟာ သူတို့ရဲ့ အတိတ်ကုသိုလ် အထောက်ပံ့ကောင်းကို သူတို့ကိုယ်တိုင် ဖျက်ဆီးပစ်ကြတဲ့ အရှုံးသမားသက်သက်တွေပဲ။
ကျွန်ုပ်အနေနဲ့ကတော့ ဒီလိုလူတွေကို ယဉ်ကျေးစွာနဲ့......
#မေ့ဧည့်သည် တွေလို့ နာမည်ပေးလိုက်ပါတယ်။
အဖြေကလည်း ရှင်းနေတာပဲ။မမြဲတာတွေ၊မပိုင်တာတွေအတွက် လူနဲ့မတန်လောက်အောင် ကိုယ်ကျင့်တရား ပျက်ယွင်းနေတာ ဘာအဓိပ္ပါယ် ရှိမလဲ။
လူ့လောကထဲမှာ လူနဲ့မတန်အောင် ကိုယ်ကျင့်သီလ #ပျက်ယွင်း နေတဲ့သူ တွေ့ရင်...ဘာလူမျိုးလဲ၊#ဘယ်ဘာသာဝင်လဲ၊ဘယ်နိုင်ငံသားလဲ၊ဘာကြောင့်လဲ ....စတာတွေ စဉ်းစားမနေနဲ့။
အဲလိုလူတွေကို....#မေ့ဧည့်သည် တွေပဲလို့
သတ်မှတ်လိုက်။
သူတို့တွေဟာ လောကကို အကျည်းတန်အောင်
ဖျက်ဆီးမဲ့ သူတွေ။လူ့အသိုက်အဝန်းကို ညစ်ညမ်းစေမဲ့သူတွေ။ကမ္ဘာကြီးကို ဒုက္ခပေါင်းစုံနဲ့ ပင်ပန်းနာကျင်စေမဲ့သူတွေပဲဖြစ်တယ်ပေါ့။
သူတို့ကိုယ်တိုင်လဲ လက်ငင်းဘဝမှာ ပူလောင်ဆင်းရဲကြရမှာပဲ။သေပြီး အခြားဘဝမှာလဲ
အပါယ်လေးပါ စာရင်းသွင်းပြီးသားပဲ။
ကိုယ့်ကိုယ်ကို #မေ့ဧည့်သည် မဖြစ်ကြဖို့လည်း
အထူးဆင်ခြင်သတိ ရှိကြဖို့လိုတယ်။
လောကမှာ ဘယ်သူယုတ်မျိုးမဆို တခါတည်း
တန်းဖြစ်သွားတာမဟုတ်ဘူး။တဖြည်းဖြည်းချင်းပဲ
ဖြစ်လာကြတဲ့ သဘာဝမျိုးရှိပါတယ်။
အခြေခံအကျဆုံး သတိထားရမယ့် အချက်က...
ဒုစရိုက်တရားဆယ်ပါးဆိုတာကို သေချာသိပြီး...
အသေးအဖွဲကစလို့ #ငြင်းပယ် ကြရမှာ ဖြစ်တယ်။
...(ဆက်လက်ရေးသားပါမည်)
#အရှင်တေဇနိယ (တောမှီရဟန်း)
