6 ပတ် - ဘာသာပြန်ပါ။

ChatGPT ပါပြီး ဘာသာစကား ၅၂ မျိုးကျော် ဘာသာပြန်နိုင်တဲ့ AI ဘောပင်

ဒီဘောပင်မျိုးနဲ့ဆို စာသင်ခန်းထဲမှာ စာမလိုက်နိုင်မှာ ပူစရာမလိုတော့ဘူး။ တော်တော်အသုံးဝင်လိမ့်မယ်။

Kickstarter ကမ်ပိန်းကနေ ဖန်တီးနေတဲ့ AI features တွေ ပါတဲ့ One Smart AI Pen ဆိုတဲ့ ဘောပင်ပါ။ ကမ္ဘာပေါ်မှာ ပထမဆုံး ChatGPT AI ထည့်ထားတဲ့ ဘောပင်ဖြစ်ပြီး ဘာသာစကား ၅၂ မျိုးကျော် တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ ဘာသာစကား ၅၂ မျိုးကျော်ထဲမှာ တရုတ် ၊ အင်္ဂလိပ် ၊ စပိန် ၊ ရုရှားလို ကမ္ဘာ့လူသုံးအများဆုံး ဘာသာစကားတွေအပြင် အာဆီယံဒေသတွင်းက အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ထိုင်း ၊မလေးစကားတွေလည်း support ပေးထားတာ တွေ့ရပါတယ်။

ChatGPT -40 Mini ရဲ့ နည်းပညာသုံးထားတာ ဖြစ်လို့ စာရေးရင်းနဲ့ ဘယ်လိုရေးသင့်လဲ အကြံတောင်းနိုင်သလို အိုင်ဒီယာမထွက်ရင်လည်း AI ကို အကူအညီတောင်းလို့ ရပါတယ်။ ကိုယ့်အတွက် အီးမေးလ်တွေတောင် စာကြမ်းစီခိုင်းနိုင်မှာပါ။ voice control ပါတဲ့ ဘောပင်ဖြစ်လို့ ကိုယ့်အတွေးအိုင်ဒီယာကို ဘောပင်ကို ပြောပြီး စာသားပြန်ထုတ်ခိုင်းနိုင်ပါတယ်။

နောက်ပြီး အစည်းအဝေးတွေ ၊ စာသင်ခန်းတွေမှာ ပြောသွားတဲ့အကြောင်းအရာကို record ဖမ်းထားပြီး ၊ အနှစ်ချုပ် summarize လုပ်ခိုင်းတာ လုပ်စရာကိစ္စတွေကို သတိပေးဖို့ Reminder ထားတာတွေလည်း ရပါတယ်။ ပုံမှန်ဘောပင်တစ်လက်လို လက်ရေးနဲ့ ရေးသမျှကိုလည်း ဒီဂျစ်တယ်စာသားတွေအနေနဲ့ ပြောင်းပေးမယ့် Writing Mode လည်း ပါလို့ touch screen ပေါ် စာရိုက်ရတာထက် ပိုမိုက်မှာပါ။

စတီးနဲ့ ပလတ်စတစ်သုံး ထုတ်ထားတဲ့ One Smart AI Pen က အလေးချိန် ၃၀ ဂရမ်ပဲ ရှိပြီး ထိပ်မှာ function စုံ သုံးနိုင်မယ့်ခလုတ်လေး ထည့်ပေးထားပါတယ်။ ရိုးရိုးဘောပင် အရွယ်အစားပဲ ဆိုပေမယ့် သူ့မှာ AI Assistant chip နဲ့ Bluetooth chip အပြင် ဘက်ထရီ ၊ ဆူညံသံစစ်ထုတ်နိုင်တဲ့ မိုက်ခရိုဖုန်းနဲ့ microSD card စိုက်နိုင်မယ့် slot လည်း ပါပါတယ်။

ChatGPT ရဲ့ generative AI အစွမ်းနဲ့ ကျောင်းခန်းထဲမှာ လက်ချာတွေကို အသံဖမ်းထားပြီး မရှင်းတာကို AI ကို မေးလို့ ရမှာပါ။ တစ်နာရီလောက် အားသွင်းထားရင် နာရီ ၃၀ ကြာအောင် ဖုန်းနဲ့ချိတ်ပြီး သုံးလို့ရပါတယ်။ Bluetooth 5.2 စနစ် သုံးထားတာ ဖြစ်လို့ device နဲ့ ၁၀ မီတာအကွာကအထိ ချိတ်ဆက်နိုင်မှာပါ။

One Smart AI Pen က အိုင်ဒီယာသစ် စိတ်ဝင်စားသူတွေ စုပြီး product ထုတ်တဲ့ Kickstarter ကမ်ပိန်းထုတ်ကုန် ဖြစ်ပြီး early bird ဈေး အမေရိကန်ဒေါ်လာ ၅၀ သတ်မှတ်ထားပါတယ်။

image