6 w - Translate

ဖုန်းပေါ်မှာတင် ပညာရပ်အစုံ မြန်မာလို အခမဲ့ပညာသင်နိုင်မယ့် CSR E-learning

ဖုန်းတစ်လုံးရှိရုံနဲ့ ပညာရပ်ပေါင်းစုံကို မြန်မာလို လေ့လာသင်ယူနိုင်မယ့် ပလက်ဖောင်းတစ်ခုကို MPT က လွှင့်တင်လိုက်ပါတယ်။

MPT နဲ့ မိတ်ဖက်အဖွဲ့အစည်း ၇ ခုတို့ ပေါင်းပြီး အခမဲ့ အွန်လိုင်းပညာရေးပလက်ဖောင်း ဖြစ်တဲ့ CSR E-Learning ပလက်ဖောင်းမှာ အိုင်တီ ၊ မိုဘိုင်းနည်းပညာ ၊ သက်မွေးပညာ ၊ ဘာသာစကားနဲ့ အလှအပရေးရာအထိ ပညာရပ်ဆိုင်ရာ သင်တန်း ၆ မျိုး ၊ သင်ခန်းစာ ၁၀၀ ကျော်ကို ထည့်သွင်းထားတာပါ။

မိတ်ဖက်အဖွဲ့အစည်းသစ် ၃ ခု ထပ်တိုးပြီးနောက် ဒီပလက်ဖောင်းမှာ မိတ်ကပ်အလှပြင်နည်း ၊ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ခြင်း နဲ့ Skin Care စတဲ့ အလှအပရေးရာ သင်ခန်းစာ ၁၀ ခု ၊ တရုတ်ဘာသာစကား အခြေခံသင်ခန်းစာ ၂၅ ခု နဲ့ Data analyst ဆိုင်ရာသင်ခန်းစာတွေလည်း ထပ်တိုး ပါလာပါတယ်။

CSR E-Learning က အခမဲ့ အသုံးပြုနိုင်တဲ့ ပညာရေးပလက်ဖောင်း ဖြစ်ပြီး သင်တန်းကြေး (အခမဲ့)အပြင် MPT မိုဘိုင်းလ်ဒေတာ သုံးပြီး https://csrelearning.mpt.com.mm မှာ အခမဲ့ သင်ယူနိုင်မယ်လို့လည်း ဆိုပါတယ်။

image