6 ပတ် - ဘာသာပြန်ပါ။

"ရုပ်ရှင်ရဲ့ ၉၀% လောက်ကို ရေအောက်ထဲမှာ
ရိုက်ကူးထားပြီး ခြောက်ခြားမွန်းကြပ်ဖို့
ကောင်းမဲ့ ဟော်ရာရုပ်ရှင် ကားကောင်းတစ်ကား"
- ခြောက်ခြားဖို့ကောင်းတဲ့ နေရာ‌‌တွေကို သွား
- ရောက် လေ့လာပြီး ဗီဒီယိုတွေရိုက်ကူးကာ တင်
- ဆက်လေ့ရှိတဲ့ YouTuber စုံတွဲဟာ
- ရေအောက်ထဲက အိမ်တစ်လုံးကို စူးစမ်းလေ့
- လာဖို့ဖြစ်လာခဲ့ပြီး သူတို့ ထင်မှတ်မထားတဲ့
- သဘာ၀လွန်ဖြစ်ရပ်ဆန်းတွေနဲ့ ကြုံရပါတော့တယ်။
- ခြောက်ခြားစရာကောင်းတဲ့ အဲ့ဒီအိမ်ကြီးထဲမှာ
- ပိတ်မိသွားကြပြီး အသက်ရှင်လျက် ရေအောက်
- ထဲကရော အဲ့ဒီအိမ်ကြီးထဲကပါ ထွက်လာနိုင်ဖို့
- အန္တရာယ်တွေ ကြားထဲက ကြိုးစား ရုန်းကန်ရပုံ
- တွေကို ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
The Deep House က တစ်ခြား Horror ရုပ်ရှင်
တွေနဲ့မတူဘဲ ပုံစံအသစ်တစ်မျိုးနဲ့ တင်ဆက်
ထားတဲ့ အတွက် သူ့နည်း သူ့ဟန်နဲ့‌တော့ သိပ်ကြည့်ကောင်းတယ်လို့ ပြောချင်ပါတယ်။
မြေကြီးပေါ်မှာမဟုတ်ဘဲ ရေအောက်ထဲမှာဆိုတဲ့
အချက်နဲ့တင် အဘက်ဘက်က ကျရောက်လာမဲ့
ဘေးအန္တရာယ်ဆိုးတွေရဲ့ အငွေ့အသက်တွေကို
ကြည့်နေတဲ့သူကပါ ခံစားရပါတယ်။ ဘာတွေ
ဆက်ဖြစ်လာမလဲ? ဆိုပြီး ရေအောက်ထဲမှာ
ရောက်နေတဲ့ သူတို့အစား ကိုယ်ပါ Oxygen
ပျက်ချင်သွားသလိုပါပဲ။
ဆန်းသစ်တဲ့ဇာတ်အိမ် ရင်ထိတ်ရတဲ့ အေးစက်တဲ့
ခံစားမှုနဲ့ မြင်နေကြမဟုတ်တဲ့ ရိုက်ကူးတင်ဆက်
ပုံတွေကြောင့် ကြည့်ရှုလို့ကောင်းမဲ့
ဟော်ရာရုပ်ရှင်တစ်ကားပါပဲ။
🎬 The Deep House 2021

image