6 w - Translate

ဒီနှစ်တွေမှာ အဓိက သင်ယူခဲ့ရတာတွေကတော့ ဘယ်အရာကမှ မမြဲဘူးဆိုတာရယ် ကြိုးစားတိုင်းလဲ ဖြစ်မလာတတ်တဲ့ ဘဝရဲ့ မသေချာခြင်းတွေ အကြောင်းပဲ ။

ဟိုးအရင်တုန်းကတော့ တွေးခဲ့မိတယ် ။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ပေါ့ ။ ဒီနှစ်တွေမှာ သိလာရတာကတော့ ကိုယ်ကြိုးစားတိုင်းလဲ ဖြစ်မလာတတ်သလို စီစဉ်ထားသမျှ အကုန် အစီအစဉ်တကျ ဖြစ်မလာတတ်ဟာလဲ ဘဝပဲလို့ သင်ယူတတ်လာခဲ့တယ် ။

မျှော်လင့်ချက်တွေ သိပ်မထားဖြစ်တော့သလို ဘဝရဲ့
အလှည့်အပြောင်းတွေကြား လိုက်လျောညီထွေဖြစ်အောင် နေတတ်လာတယ် ။ ကိုယ်ရဲ့ ထိန်းချုပ်နိုင်စွမ်း ပြင်ပကအရာတွေအတွက် တတ်နိုင်သလောက် စိတ်သောက မရောက်တော့ဖို့ ကိုယ့်စိတ်ကို ပြင်ဆင်တတ်လာတယ် ။

မမြဲခြင်းတွေကိုပါ ဆင်ခြင်မိလာတယ် ။ ဘယ်လို ဆက်ဆံရေးမှာမဆို အတူရှိနေတုန်းမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး အကောင်းဆုံး ကြိုးစားပေးတယ် ။ ကျန်ခဲ့ရသည်ဖြစ်စေ ၊ ချန်ခဲ့ရသည်ဖြစ်စေ လိပ်ပြာလုံလုံနဲ့ ကျန်ခဲ့ရဖို့ ၊ ချန်ခဲ့ရဖို့ ၊ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ မရှင်သန်ရဖို့ဦးစားပေး ဖြစ်လာတယ် ။

ထွက်သွားချင်တဲ့သူတွေကို ဆွဲမထားတော့သလို
နေချင်တဲ့သူတွေကိုလဲ အတင်းမောင်းမထုတ်တော့ဘူး ။
ကိုယ့်မှာ မရှိတဲ့ အဝေးကအရာတွေကို မျှော်ကြည့်နေမဲ့အစား ကိုယ်ပိုင်ဆိုင်ထားရတဲ့ အရာလေးတွေအတွက်
ရောင့်ရဲ ကျေးဇူးတင်နေလိုက်တယ် ။

သေချာတာကတော့ ဒီနှစ်တွေဟာ မသေချာခြင်းတွေအကြောင်း သေချာသင်ပေးသွားတဲ့ နှစ်တွေပဲ ။

ဘဝကို ယောက်ယက်မခတ်ဖို့ ၊ ရှင်သန်ခြင်းတွေကို
အဓိပ္ပာယ်ရှိစေဖို့ ၊ တန်ဖိုးထားစရာရှိတာတွေကို တန်ဖိုးထားဖို့ ၊ လက်လွှတ်စရာရှိတာတွေကို လက်လွှတ်တတ်စေဖို့ သင်ယူခဲ့ရတဲ့ နှစ်တွေပါပဲ ။

#စူးရှမေ #ငြိမ်းချမ်းမှုတို့စတင်ရာ

image