4 ပတ် - ဘာသာပြန်ပါ။

“ဘ၀ဆိုတာ တစ်ခါတလေ ဘာမှမလုပ်နိုင်ပဲ ထိုင်ရယ်နေဖို့ပဲ တတ်နိုင်တယ်ဆိုတာကို သေချာရှာတွေ့သွားပြီပဲ”
စီးပွားရေး နှင့် ဖြစ်ရပ်မှန်ရုပ်ရှင်‌တွေကိုသဘောကျတဲ့ ကျွန်တော့်အတွက် အခုမှ ကြည့်မိလို့ နောင်တရမိတဲ့ ရုပ်ရှင်တစ်ခုလို့တောင် ထင်မြင်မိပါတယ်။
IMDb မှာ 7.3 အထိ ရထားတဲ့ လူမည်းအမျိုးသား ဘာနော့ဒ်ဂါရက်တ် ဆိုတဲ့ ခေတ်တစ်ခေတ်ကို တွန်းလှန်ခဲ့တဲ့ လူတစ်ယောက်အကြောင်း
ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လူဖြူ လူမည်း ခွဲခြားမှုတွေ လွှမ်းမိုးနေတဲ့ အချိန် တက္ကဆက်ပြည်နယ်က လူမည်းကလေး ဘာနော့ဒ်ဂါရက်ရဲ့ ဘဝနဲ့စတင်ထားပါတယ်။
လမ်းပေါ်မှာ လူဖြူတွေရဲ့ ဖိနပ်တိုက်သမားလေး ဘာနာ့ဒ်ဂါရက်တ် က ငယ်ငယ်လေးကတည်းက လူဖြူစီးပွားရေးသမားတွေရဲ့ အစည်းအဝေးတွေကို ခိုးနားထောင်ပြီး
စီးပွားရေးလုပ်ဖို့စိတ်ကူးရှိတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ အခြားနေရာတွေထက် လူဖြူ လူမည်း အယူပိုသည်းတဲ့ တက္ကဆက်မှာဆို ဖြစ်နိုင်ဖို့မလွယ်တာမလို့ လော့စ်အိန်ဂျယ်မြို့ကို ပြောင်းလာပြီး စီးပွားရေးအမျှော်အမြင်
ကြီးစွာနဲ့ အိမ်ခြံမြေလုပ်ငန်းပိုင်း လုပ်ကိုင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရင်းနှီးလည်းမရှိ လူမည်းဆို ချေးငွေထုတ်မပေးတဲ့ ဘဏ်တွေကြောင့် ဘာနာ့ဒ်ဂါရက်တ်ဟာ
ဂျိူးဆက်မောရစ် ဆိုတဲ့ နောက်ထပ်လူမည်းတစ်ယောက်နဲ့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ ဖြစ်လာပါတယ်။ လူမည်းတွေနဲ့အလုပ်တွဲမလုပ်ချင်တဲ့ လူဖြူစီးပွားရေးသမားတွေကြောင့်
ဘာနာ့ဒ်ဂါရက်တ် နှင့် ဂျိူးဆက်မောရစ် တို့လည်းထပ်ကြံရပါတော့တယ်။ အိမ်ခြံမြေကစလို့ ဘဏ်လုပ်ငန်းတွေအထိ လူမည်းဆိုတဲ့ အသားရောင်ခွဲခြားမှုတွေကြားမှာ ဘာနာ့ဒ်ဂါရက်တ်
နှင့် ဂျိူးဆက်မောရစ် တို့နှစ်ယောက် သူတို့ လုပ်ငန်းကို ဘယ်လိုနည်းလမ်းတွေနဲ့ အောင်မြင်အောင်လုပ်ပြမလဲ ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

image