The Revenant ရုပ်ရှင်ကတော့ Leonardo DiCaprio အတွက် အမှတ်တရ အများဆုံးရမဲ့ ရုပ်ရှင်လို့ဆိုနိုင်ပါတယ် ။
Leonardo DiCaprio ရဲ့ ဘဝတစ်လျှောက်ပထမဦးဆုံး အော်စကာဆုကို The Revenant နဲ့ပဲ ရရှိခဲ့တာပါ ။
ဒီကား တစ်ကားလုံးရဲ့ ဇာတ်ဝင်ခန်းအားလုံးနီးပါးကို သဘာဝအတိုင်း ရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ အထူးသဖြင့် မြင်းခန္ဓာကိုယ်ထဲ ဝင်နေတာတွေ ၊ လီယိုနာဒို ဟာ Bison ( နွားထီး ) ရဲ့ အသည်းကို အစိမ်းလိုက်စားပြတာတေ‌ ဟာ အစစ်တွေဖြစ်ပါတယ် ။
ဒါပေမဲ့ ကျန်တဲ့ 1% ကတော့ ပြင်ပအကူအညီနဲ့ ရိုက်ကူးခဲ့ရပါတယ် ။ အဲ့ဒါကတော့ ပုံမှာပြထားတဲ့ လီယိုနာဒို မီးဖို တဲ့ Scene ပါပဲ ။ အဲ့ဒီ Scene ရိုက်ကူးနေချိန် မီးမွေးတာ လေတအားတိုက်‌ နေတာကြောင့် ဘယ်လိုမှ မွေးမရဘဲ မီးခြစ်ကို အသုံးပြုခဲ့ရပါတယ် ။
အကယ်၍ လေသာမတိုက်ခဲ့ရင် The Revenant ဟာ 100% အထိ သဘာဝအတိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်လာနိုင်ခဲ့မှာပါ ။

image